တရုတ်အစိုးရက ဝီဂါများအား နိုင်ငံဖြတ်ကျော်ဖိနှိပ်ရာတွင် ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့နှင့် ပတ်သက်နေသည့် မှတ်တမ်းများ လူ့အခွင့်အရေးအဖွဲ့ ဖော်ပြ

By Just Earth News
20 August 2021
တရုတ်အစိုးရက ဝီဂါများအား နိုင်ငံဖြတ်ကျော်ဖိနှိပ်ရာတွင် ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့နှင့် ပတ်သက်နေသည့် မှတ်တမ်းများ လူ့အခွင့်အရေးအဖွဲ့ ဖော်ပြ

ဝီဂါလူ့အခွင့်အရေးစီမံကိန်း (UHRP) နှင့် ဗဟိုအာရှရေးရာများအတွက် Oxus အဖွဲ့အစည်း (Oxus) အဖွဲ့တို့သည် တရုတ်၏ ဝီဂါများအား နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံများ ပါဝင်ပတ်သက်နေသည်ကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာသစ်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

“ ကမ္ဘာမြေမှ ကောင်းကင်အထိ ပိုက်ကွန်များ- ပါကစ္စတန်နိုင်ငံမှ ဝီဂါများကို တရုတ်က လိုက်လံဖမ်းဆီးခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာက ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ရှိ ဝီဂါအသိုင်းအဝိုင်းများအား တရုတ်အစိုးရက ဖိနှိပ်သောနည်းလမ်းများကို ခွဲခြားသတ်မှတ်ပြီး ယင်းနည်းလမ်းများသည်နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ဥပဒေစံနှုန်းများကို မည်သို့ချိုးဖောက်နေကြောင်းဖော်ပြခဲ့သည်။

ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် တူရကီရှိ ဝီဂါတက်ကြွ လှုပ်ရှားသူများ၊ ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှုများမှ တရုတ်အစိုးရ၏ နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုများကို သုတေသီများက အချက်အလက် စုဆောင်းခဲ့သည့်အပြင် အစိုးရမှတ်တမ်းများ၊ လူ့အခွင့်အရေးအစီရင်ခံစာများနှင့် အူရဒူနှင့် အင်္ဂလိပ် မီဒီယာများ မှလည်း သိရှိခဲ့ရသည်။

“ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က တရုတ်ရဲ့ လက်ဝေခံနိုင်ငံတွေဖြစ်လာနေပါတယ်” ဟု ဝီဂါလူ့အခွင့်အရေး စီမံကိန်း (UHRP) အမှုဆောင်ဒါရိုက်တာ အိုမာကဲနက် က ဆိုခဲ့သည်။

“ တရုတ်အာဏာပိုင်တွေရဲ့ အလိုဆန္ဒအတိုင်း ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က ဝီဂါတွေကို အန္တရယ်ပေး ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့လုပ်နေကြတယ်”

ပစ်မှတ်ထားခံရသော ဝီဂါအချို့သည် တရုတ်တွင် နှိပ်စက်ညှဉ်းပြီး ကွပ်မျက်ခံရကာ အခြားသူများသည်လည်း မိသားစုများပြိုကွဲခြင်းနှင့် ဝီဂါအသိုင်းအဝိုင်းများအား တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေခြင်းများကို ကြုံတွေ့ခဲ့ရသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအရ အပေးအကမ်းရက်ရောမှုကြောင့် ဝီဂါများအား အကြမ်းဖက်ရာတွင် ကြံရာပါအမျိုးမျိုးအား ငွေပေးခိုင်းစေနိုင်ခဲ့သည်။

“ပါကစ္စတန်ဝန်ကြီးချုပ် အီမာရမ်ခန်က ဝီဂါတွေရဲ့ အတိဒုက္ခတွေကို တိတ်တိတ်ဆိတ်ဆိတ် နေရုံသာမကပါဘူး တရုတ်အစိုးရရဲ့ နှိမ်နင်းမှုမှာ လုံးလုံးလျားလျားပါဝင်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုဖို့ အရေးတကြီးလိုအပ်နေပါတယ်” ဟု ဗဟိုအာရှရေးရာများအတွက် Oxus အဖွဲ့အစည်းမှ သုတေသနဒါရိုက်တာ ဘာဒရေးဂျာဒင်က ပြောကြားခဲ့သည်။

“အမေရိကန်က အာဖဂန်နစ္စတန်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ ပါကစ္စတန်ကျောထောက် နောက်ခံပြု ထားတဲ့ တာလီဘန်လှုပ်ရှားမှုရဲ့ ဦးဆောင်မှုအောက်မှာ ဝီဂါအာဖဂန်နိုင်ငံသားတွေနဲ့ ကာလကြာရှည်စွာ နေထိုင်ခဲ့သူတွေက ပိုမို ဖိနှိပ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေပြီး တရုတ်ပြည်ကို ပြန်ပို့ခံရမယ့် ကိန်းဆိုက်နေပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required