စစ်ကောင်စီက ဖားကန့်တွင် အင်တာနက်လိုင်းများဖြတ်တောက်ထား

စစ်ကောင်စီက ဖားကန့်တွင် အင်တာနက်လိုင်းများဖြတ်တောက်ထား

ဩဂုတ် ၂၀

ဖားကန့်လုံးခင်းရတနာမြေအတွင်း ဆက်သွယ်ရေးအင်တာနက်လိုင်းအချို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ည ၈ နာရီနောက်ပိုင်း စတင်ထိန်းချုပ်ကန့်သတ်လိုက်တယ်လို့ ဒေသခံများအပြောအရသိရသည်။

ကချင်ပြည်နယ် ဖားကန့်လုံးခင်းရတနာမြေတွင် MPT ၊ Telenor (Myanmar)၊ Shwe War Ohh (အော်ရီဒူး) WiFi လိုင်းများ အားလုံးကို ည ၈ နာရီနောက်ပိုင်းမှစတင်၍ ဖြတ်တောက်ထားသည်မှာ ယခုသတင်းပေးပို့ချိန်အထိလည်း ပြတ်တောက်နေဆဲဖြစ်သည်။

သြဂုတ်လ ၂၁ ရက် (မနက်ဖြန်) မှစတင်၍ စပြီး ဖားကန့်လုံးခင်းရတနာမြေအတွင်း မိုဘိုင်းဒေတာနှင့် အင်တာနက်ဝိုင်ဖိုင်များအားလုံးကို ဖြတ်တောက်သွားမှာဖြစ်ကြောင်းလည်း ကချင်ဆက်သွယ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

သတင်းအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly