အသုတ်မြို့တွင် ဒလန်အမည်ထွက်သူ အသတ်ခံရပြီးနောက် NLDပါတီ၀င်များကို စစ်ကောင်စီက လူအင်အားသုံး ဖမ်းဆီး

အသုတ်မြို့တွင် ဒလန်အမည်ထွက်သူ အသတ်ခံရပြီးနောက် NLDပါတီ၀င်များကို စစ်ကောင်စီက လူအင်အားသုံး ဖမ်းဆီး

ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့တွင် ဒလန်ဟု နာမည်ကြီးသူ ဦးဝင်းနိုင်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီက NLDပါတီ ရပ်ကျေးတာဝန်ခံများ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေကာ အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့‌ကြောင်း ဒေသခံများကပြောသည်။

ဩဂုတ် ၁၈ရက် ညတွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ NLD ပါတီ ရပ်ကျေးတာဝန်ခံများအား အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး၊ ဩဂုတ် ၁၉ရက် ညပိုင်းတွင် အမှတ်(၂)ရပ်ကွက် တာဝန်ခံနှင့် ပါတီအမာခံ နှစ်ဦးကို စစ်ကောင်စီက လူအင်အားသုံးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အင်အားက ၅၀လောက်ထိရှိတယ်။ လာဖမ်းတာ၊ ညဖက်ကြီးလာတာ၊ ဘာကြောင့်ဖမ်းတယ်၊ ဘာညာဆိုတာ မသိရဘူး၊ အိမ်ကိုဝိုင်းပြီး ဖမ်းသွားတာ”ဟု အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ပြောသည်။

အသုတ်မြို့တွင် ဒလန်ဟု နာမည်ကြီးသူ ဦးဝင်းနိုင်ဦးကို အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် အနီးကပ် လာရောက်ပစ်ခတ်မှု အပြီးတွင် စစ်ကောင်စီက လုံခြုံရေးများ တိုးမြှင့်ချထားပြီး‌ေနာက် မတရားဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly