မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၂၀ ရက်၊ ၂၀၂၁)  

20 August 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၂၀ ရက်၊ ၂၀၂၁)  

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အားလုံးကြားမှာ ယုံကြည်မှု တည်ဆောက်ပေးဖို့ အပါအဝင် အချက်လေးချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို အကြံပြုခဲ့ပါတယ်။ ကူးစက်မြန် Delta မျိုးကွဲ အပါအဝင် ကိုဗစ်ရောဂါ ကူးစက်မှုတွေကို လျှော့ချနိုင်ဖို့ ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ လူတွေကို ဆေးအာနိသင် ထိရောက်အောင် နောက်တလုံး ထပ်ထိုးပေးတာထက် လုံးဝမထိုးရသေးတဲ့သူတွေကို ဆေးထိုးပေးတာက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြောလိုက်ပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကို သြဂုတ်လ ၂၀ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly