မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံကိုယ်စားလှယ်ကို တရုတ်အကြံပြု 

20 August 2021
မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံကိုယ်စားလှယ်ကို တရုတ်အကြံပြု 

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး အားလုံးကြားမှာ ယုံကြည်မှု တည်ဆောက်ပေးဖို့ အပါအဝင် အချက်လေးချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို အကြံပြုခဲ့ပါတယ်။ Wang Yi နဲ့ Erywan တို့ ဗုဒဟူးနေ့တုန်းက တယ်လီဖုန်းဆက် ဆွေးနွေးချိန်အတွင်း ဝန်ကြီး Wang Yi က အဲဒီလို အကြံပြုခဲ့တာလို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly