အိန္ဒိယ ရထားလုပ်ငန်းတွင် Mapsted ကုမ္ပဏီ၏ ဉာဏ်ရည်တု၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုနှင့် စက်ပိုင်းဆိုင်ရာ သင်ယူမှု တည်နေရာနည်းပညာကို အသုံးပြုမည်

အိန္ဒိယ ရထားလုပ်ငန်းတွင် Mapsted ကုမ္ပဏီ၏ ဉာဏ်ရည်တု၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုနှင့် စက်ပိုင်းဆိုင်ရာ သင်ယူမှု တည်နေရာနည်းပညာကို အသုံးပြုမည်

အိနိ္ဒယနိုင်ငံ၏ အဓိကကျသော ရထားလမ်းပိုင်းဖြစ်သည့် အရှေ့ဖက်ကမ်းရိုးတန်း လမ်းကြောင်းတွင် ခေတ်မီဆန်းသစ်၍ ဆော့ဖ်ဝဲအသုံးပြုထားသော တည်နေရာအလိုက် ဝန်ဆောင်မှုပေးသည့် နည်းပညာကို ဆမ်ဘူပါဌာနအတွက် ဆောင်ရွက်ပေးရန် ကနေဒါအခြေစိုက် Mapstedကုမ္ပဏီက တင်ဒါအောင်မြင်ကြောင်း သြဂုတ်လ ၁၃ရက်က ကြေညာခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်များကို Mapstedကုမ္ပဏီက ယခုနှစ်အတွင်း လုပ်ဆောင်ပေးရမည်ဖြစ်သည်။

Mapsted နည်းပညာ၏ ပေါင်းစည်းမှုသည် နှစ်စဉ် မီးရထားစီးသူသန်းပေါင်းများစွာအတွက် အဆင်ပြေလွယ်ကူ သော ခရီးသွား အတွေ့အကြုံကိုဖန်တီးပေးလိမ့်မည်ဖြစ်ပြီး ခရီးသွားလာရာနေရာအသီးသီး၌ သုံးစွဲသူများသည် ၎င်းတို့၏စမတ်ဖုန်းများပေါ်တွင် တိုက်ရိုက်ကြည့်ရှု့နိုင်သော တိကျသည့်နေရာပြစနစ်နှင့် သတိပေး အချက်ပြ စနစ်များ ရရှိမည်ဖြစ်သည်။

“ Mapstedက ကျွန်တော်တို့ရဲ့ ဆမ်ဘူပါဌာနခွဲအတွက် အစွမ်းထက်တဲ့ တည်နေရာပြဝန်ဆောင်မှုကို ပေးပါလိမ့်မယ်။ သူတို့ရဲ့ စမတ်ဖုန်းကို အသုံးပြုလိုက်ယုံနဲ့ လက်ရှိဘူတာရုံကနေ ဘယ်ရထားစီးရမယ်၊ ဘယ်ဘူတာကို သွားရမယ်ဆိုတာကို ခရီးသွားတွေကို ဒီနည်းပညာက အကူအညီပေးပါလိမ့်မယ်” ဟု ဆမ်ဘူပါဌာနအကြီးတန်းမန်နေဂျာ အက်စ်အက်စနာယက်ခ်က ပြောသည်။

“Mapstedရဲ့ သီးသန့်မူပိုင်ခွင့်ရထားတဲ့ အတွင်းပိုင်း နေရာပြနည်းပညာက ဘူတာမှာ အခြားပစ္စည်းတွေ ထပ်တပ်ဆင်ဖို့မလိုတော့တဲ့အတွက် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်ကို လျှော့ချပေးပြီး ယင်းနည်းပညာကို ပိုမိုမြန်ဆန်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်”

ခရီးသည်များသည် သူတို့၏ စင်္ကြံ၊ မုန့်ဆိုင်များ၊ လက်မှတ်ဝယ်ယူမည့်နေရာများ၊ နားနေခန်းများသို့ လွယ်ကူစွာ သွားလာနိုင်ပြီး၊ အထုပ်အပိုးများသယ်ဆောင်လာပါက လှေကားများထက် ဓာတ်လှေကားနှင့် စက်လှေကား များပါသော လမ်းကြောင်းများကို ရွေးချယ်နိုင်ခြင်းဖြင့် လွယ်ကူအဆင်ပြေစေမည်ဖြစ်သည်။

Mapsted၏ ဒေသတွင်းလွယ်ကူစွာအသုံးပြုနိုင်သည့် ကောင်းမွန်သည့် ဈေးကွက်ရှာဖွေရေးနည်းပညာကို ပေါင်းစပ်ခြင်းဖြင့် ခရီးသည်များသည် ရထားဝင်ရောက်မှုများ၊ နှောင့်နှေးမှုများနှင့် ခရီးသည်အမည်မှတ်တမ်း (PNR) အခြေအနေပြောင်းလဲခြင်းများ၊ ဘူတာဆိုင်ရာ အချက်အလက်များနှင့် လုံခြုံရေးကြေညာချက်များကို အချိန်နှင့် တစ်ပြေးညီ အချက်ပြသတိပေးခြင်းများရရှိမည်ဖြစ်သည်။

ပုံမှန် ကြေညာခြင်းထက် သက်ဆိုင်သည့် အသိပေးချက်များနှင့် သတင်းအချက်အလက်များ ပေးပို့နိုင်ခြင်းသည် ခရီးသည်များအတွက် အလွန်ကျေနပ်မှု ရှိစေမည့် အတွေ့အကြုံကို ဖန်တီးပေးပြီး ၎င်းတို့၏ ခရီးစဉ်ကို ပိုမိုပျော်ရွှင်ဖွယ်ဖြစ်စေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly