အိန္ဒိယနိုင်ငံ ကူဂမ်ခရိုင် ပစ်ခတ်မှုတွင် ပါကစ္စတန်အကြမ်းဖက်သမားတစ်ဦး သေဆုံး

By latestly
18 August 2021
အိန္ဒိယနိုင်ငံ ကူဂမ်ခရိုင် ပစ်ခတ်မှုတွင် ပါကစ္စတန်အကြမ်းဖက်သမားတစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေဖြစ်သည့် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ကူဂမ်ခရိုင်တွင် အပြန်အလှန် မှုတစ်ခုအတွင်း လွန်ခဲ့သော ၆ လက အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သူ ပါကစ္စတန် တစ်ဦးသေဆုံးခဲ့သည်ဟု ကက်ရှ်မီးယား ရဲချုပ် (IGP) ဗီဂျေကူးမားက သြဂုတ် ၁၃ရက်က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် လက်နက်များ၊ ခဲယမ်းမီးကျောက်များကို တွေ့ရှိခဲ့ခြင်းသည် ပြင်းထန်သည့် တိုက်ခိုက်မှုကို ဖော်ပြနေကြောင်း ရဲစစ်ဆေးရေးမှုးချုပ်က ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့များက ညဘက်တွင် အကြမ်းဖက်သမားများအားချေမှုန်းရန် ဒုံးကျည်ပစ်လောင်ချာများကို အသုံးပြုနေပြီး နယ်ခြားလုံခြုံရေးတပ်ဖွဲ့(BSF) ယာဉ်တန်းသည် သြဂုတ်လ ၁၂ရက်က အဆောက်အအုံ တစ်လုံးသို့ ချဉ်းကပ်လာစဉ် အကြမ်းဖက်သမားနှစ်ဦး က စတင်ပစ်ခတ်ခဲ့သည်။

"နယ်ခြားလုံခြုံရေးတပ်ဖွဲ့ယာဉ်တန်းက ကားတစ်စီးချဉ်းကပ်လာတဲ့အခါ အကြမ်းဖက်သမားနှစ်ယောက်က အဆောက်အအုံတစ်ခုကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကို ဝိုင်းတိုက်တော့ ပြန်လည်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒုံးပစ်လောင်ချာတွေနဲ့ ပြန်ပစ်တာကြောင့် ညပိုင်းမှာ စစ်သွေးကြွတစ်ဦး သေဆုံးသွားပါတယ်" ဟု ကူးမားက ဆိုသည်။

ညဘက်တွင် ရှာဖွေရသည်မှာ ခက်ခဲခြင်းကြောင့် ယနေ့နံနက်ပိုင်းရောက်မှသာ ပြုလုပ်ခဲ့ရကြောင်း လည်း ၎င်းက ပြောကြားသည်။

"အစ်မန်လို့ခေါ်တဲ့ ပါကစ္စတန်အကြမ်းဖက်သမားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ သူက လွန်ခဲ့တဲ့ ၆ လခန့်က အကြမ်းဖက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပါ။ အေကေ ၄၇၊ ကျည်ဆံ၊ လက်ပစ်ဗုံး၊ ဒုံးပစ်လောင်ချာတွေ လက်ရ သိမ်းဆည်းမိပါတယ်။ ဒါတွေက ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့မယ်ဆိုတာကို ညွှန်ပြနေပါတယ်" ဟု ရဲချုပ်က ထပ်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly