တရုတ်ပညာရှင်တို့၏ အကြံပြုချက်အတိုင်း ပန်ခမ်းမြို့တွင် Lockdown ချပြီး ကိုဗစ်စစ်ဆေး

တရုတ်ပညာရှင်တို့၏ အကြံပြုချက်အတိုင်း ပန်ခမ်းမြို့တွင် Lockdown ချပြီး ကိုဗစ်စစ်ဆေး

ဩဂုတ် ၁၇

ရုမ်းပြည်နယ်မြောက်ပိုင်း "၀" ဒေသဖြစ်သည့် ပန်ခမ်းမြို့တွင် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းမှ၍ တစ်မြို့လုံး Lockdown ချပြီး ပြည်သူအားလုံး အာခေါင်တို့ဖတ် စစ်ဆေးရမည်ဟု “ဝ” အဖွဲ့ က ထုတ်ပြန်ထားသည်။

Coronavirus ပိုး ပြင်ပကနေဝင်ရောက်မှုကို တားဆီးနှိမ်နှင်းခြင်းနှင့် ပြည်နယ်အတွင်း ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် တရုတ်ပညာရှင်များ၏ အကြံပြုချက်ဖြင့်ပြုလုပ်ခြင်းဖြစ်‌ ကြောင်းသိရသည်။

ပန်ခမ်းမြို့တွင်နေထိုင်သူ၊ သို့တည်းမဟုတ် ရောက်ရှိနေသူအားလုံး အာခေါင်တို့ဖတ်စစ်ဆေးမှုကို အခမဲ့ခံယူရမှာဖြစ်ပြီး စစ်ဆေးမှုကြာချိန် ၅ ရက်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန်နှင့် စစ်ဆေးမှုခံယူချိန်တွင် ကိုဗစ်စည်းကမ်းများကိုလိုက်နာကြရန်“ဝ”အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ကုန်သွယ်ရေးဌာန၊ အမြတ်ခွန်ဌာနနှင့် သက်ဆိုင်ရာတို့မှ မတရား ကုန်ဈေးနှုန်းမြှင့်တင်‌ ရောင်းချခြင်းများကို တားဆီးနှိမ်နှင်းထိန်းချုပ်ရန်နှင့် မလိုက်နာသူများအား အရေးယူရန်လည်း ညွှန်ကြားထားသည်။

photo-epa

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly