အိန္ဒိယနိုင်ငံ ဂျမူး-ကက်ရှ်မီးယားပြည်နယ်ပါတီသစ်က ပူဝါမာမြို့တွင် ဟောပြောပွဲ ပြုလုပ်

အိန္ဒိယနိုင်ငံ ဂျမူး-ကက်ရှ်မီးယားပြည်နယ်ပါတီသစ်က ပူဝါမာမြို့တွင် ဟောပြောပွဲ ပြုလုပ်

အိန္ဒိယနိုင်ငံ ဂျမူး-ကက်ရှ်မီးယားပြည်နယ်၏ ပါတီသစ်တစ်ခုဖြစ်သည့် Jammu and Kashmir People's Justice Front က လူထုဟောပြောပွဲတစ်ခုကို ပူဝါမာမြို့တွင် ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘာသာရေး၊ နိုင်ငံရေးနှင့် စာပေပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ‘သူတော်စင် အီမန်ဟူစိန်၏ စွန့်လွှတ်စတေးမှုများသည် နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ခုတည်းအတွက်သာမဟုတ်ဘဲ ညီနောင်လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိသော အမွေအနှစ်နိုင်ငံတော်အတွက် ဖြစ်သည်’ ဆိုသော အကြောင်းအရာကို အဓိက ဆွေးနွေးခဲ့သည်။

JKPJF ပါတီဥက္ကဌ အာဂါဆီယတ်အာဘတ်စ်ရစ်ဇ်ဗီက မီဒီယာသမားများအား “အီရန်မှာဆိုရင် ဘာသာရေးပညာရှင်တိုင်းက အိန္ဒိယရဲ့ ဈာပနအခမ်းအနားကို နမူနာပေးလေ့ရှိပါတယ်။ ဒါဟာ အီရန်ပြည်သူတွေကတောင် အိန္ဒိယကို စံနမူနာယူရတဲ့ ကိစ္စတစ်ခုပါ” ဟု ပြောကြားသည်။

ရစ်ဇ်ဗီက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာရေးအခမ်းအနားကိစ္စများကိုလည်း ထည့်သွင်း ပြောကြားသည်။

ယခုပြုလုပ်သည့် ဟောပြောပွဲသည် ပူဝါမာမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ပြီး တက်ရောက်သူ အများအပြားရှိခဲ့သည်။ ဆွေးနွေးဟောပြောသူများက အီမန်ဟူစိန်၏ စွန့်လွှတ်စွန့်စားမှုများကို ရှုထောင့်အသီးသီးမှ ပြောကြားခဲ့သည်။

အီမန်ဟူစိန်သည် လူ့အသိုက်အဝန်း တစ်ခုတည်းအတွက်သာမကဘဲ လူသားတစ်ရပ်လုံးအတွက် ပေးဆပ်စွန့်လွှတ်ခြင်းဖြစ်ကြောင်း အလေးထားဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly