ဟားခါးမြို့၌ စစ်ကောင်စီနှင့် ပြည်သူ အောက်ဆီဂျင်စက်ရုံအပြိုင်တည်ဆောက်နေ

ဟားခါးမြို့၌ စစ်ကောင်စီနှင့် ပြည်သူ အောက်ဆီဂျင်စက်ရုံအပြိုင်တည်ဆောက်နေ

ဟားခါး ဩဂုတ် ၁၆

ချင်းပြည်နယ် ၊ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းတွင်ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို ဩဂုတ်လ ဒုတိယပတ်မှစတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သည့်အပြင် ဟားခါးမြို့နယ်အတွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံလူကြီးများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကျန်းမာရေးကူညီဆောင့်ရှောက်ရေးအဖွဲ့(Hakha Township Public Healthcare-HTPH) ကလည်း ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံ ကိုယခုလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံသည် RC အဆောက်အအုံ အမျိုးအစားဖြစ်ပြီးချင်းပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ပြည်သူ့ကျန်းမာရေးကူညီဆောင့်ရှောက်ရေးအဖွဲ့တည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံသည် တန်ဖိုးကျပ်သိန်းပေါင်း ၃၆၀၀အကုန်အကျခံပြီး ပြည်တွင်းပြည်ပ ချင်းအသင်းတော်တွေရဲ့ကူညီမှုနဲ့ယခုလအတွင်းတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ဖြည့်တင်းနိုင်မှာဖြစ်ပြီး၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံပြီးစီးပါက တစ်မိနစ်လျှင် အောက်စီဂျင် ၅၀၀လီတာထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဟားခါးမြို့တွင် ကိုဗစ်စစ်ဆေးခံရသူ စုစုပေါင်း ၂၀၀၀ကျော်နှင့် ပိုးတွေ့လူနာ စုစုပေါင်း ၅၀၀ကျော်ရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly