နာရီပိုင်းအတွင်း ရောင်းကုန်သွားသည့် NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ”

နာရီပိုင်းအတွင်း ရောင်းကုန်သွားသည့် NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ”

ဩဂုတ် ၁၅

အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဩဂုတ် ၁၅ ရက်တွင် စတင်ရောင်းချသည့် “နွေဦးထီ” သည်နာရီပိုင်းအတွင်း တစ်ရက်တာ ရောင်းချရန်သတ်မှတ်သည့် ပမာဏပြည့်သွားခဲ့သည်။

NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကိုယနေ့ ညနေ ၄ နာရီမှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခွဲခန့်တွင် ရောင်းချရန်သတ်မှတ်ထားသည့် ပမာဏပြည့်သွားခဲ့ခြင်းဖြစ်သည်။

တစ်နာရီခွဲအတွင်း “ ယနေ့အဖို့ ရောင်းချရန် သတ်မှတ်ထားတဲ့ ထီအရေအတွက်ပြည့်ပါပြီ။ နောက်ရက်တွေမှာ ဝယ်ယူအားပေးနိုင်ပါတယ် “ ဆိုသည့် အကြောင်းကြားစာအား ထီရောင်းချသည့် website တွင်ဖော်ပြထားသည်။

" ဒီကနေ့က ပိုင်းလော့ပရောဂျက်ရဲ့ အစပထမနေ့ဖြစ်တော့ ကျနော်တို့အနေနဲ့ အစောင်ရေ ငါးသောင်းပဲ ရောင်းချဖို့ သတ်မှတ်ပြင်ဆင်ထားတာပါ။ တစ်စောင် နှစ်ထောင်ဆိုတော့ သိန်းတစ်ထောင်ဖိုးပေါ့။ နောက်ရက်တွေမှာ ဝန်ဆောင်မှုပိုပေးနိုင်အောင်နဲ့ နည်းပညာပိုင်းဆိုင်ရာကြုံတွေ့ရတဲ့ အခက်အခဲ တချို့ကို မွမ်းမံပြင်ဆင်ပြီး သတ်မှတ်အစောင်ရေ တိုးမြှင့်ရောင်းချသွားပါ့မယ်။ စစ်အာဏာရှင်ပြုတ်မကျမချင်း နေ့စဉ်ရက်ဆက် ထီကို ရောင်းချသွားမှာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ စိတ်ရှည်လက်ရှည်နဲ့ စိတ်ချလုံခြုံအောင် မိမိကိုယ်မိမိပြင်ဆင်ပြီး ပူးပေါင်းပါဝင်ကြဖို့ကို မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်" လို့ NUG ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောသည်။

နွေဦးထီကို လာမည့်နေ့ရက် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း တရားဝင် ဖေ့စ်ဘွခ်စာမျက်နှာ၏ Messenger တစ်ခုတည်းတွင် အွန်လိုင်းစနစ်နှင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထီပေါက်ပါက ဆုငွေကို "ယူမှာလား/ ပြန်လှူမှာလား" ဆိုသည့် ရွေးချယ်မှုအဖြင့် သတ်မှတ်ထည့်သွင်းထားသည်။

ထီတစ်စောင်လျှင် ၂၀၀၀ ကျပ်သက်မှတ်ထားပြီး အနည်းဆုံး ငါးစောင်မှ အများဆုံး အစောင်၅၀ အထိ ထိုးနိုင်မည်ဟုဆိုသည်။

ထီရောင်းချရတဲ့ငွေ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေဆီ လွှဲအပ်သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း။

ဆုကြေးအနေဖြင့် တစ်ဆုကို ၁၅ သိန်းဆီနှင့်အားလုံး တပြေးညီ အညီအမျှ ခွဲဝေပေးသွာမည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly