NUGထီ ထိုးမည့်သူများ၏ ဘဏ်အကောင့်များကို ထိန်းချုပ်သွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

NUGထီ ထိုးမည့်သူများ၏ ဘဏ်အကောင့်များကို ထိန်းချုပ်သွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Photo - AFP

ဩဂုတ် ၁၄

အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးထီကို ပါဝင်ကံစမ်းပါက ဘဏ်စာရင်းပိတ်သိမ်းခြင်း အပါအဝင် ဘဏ်စာရင်းရှိငွေများအား ထိန်းချုပ်သွားမည်ဟု စစ်ကောင်စီ ၏၀ါဒဖြန့် မြန်မာ့အလင်းသတင်းစာမှ သြဂုတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီဝါဒဖြန့် မြန်မာအသံနှင့်ရုပ်မြင်သံကြား က အောင်ဘာလေထီဖွင့်လှစ်ရောင်းခြင်း နှင့်ပတ်သက်၍ မေးမြန်းစဉ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များ ဦးစီးဌာန ၊ အောင်ဘာလေသိန်းဆု ဌာန ခွဲ ၊ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“E-Lottery မှာအဓိက ကငွေပေးချေမှု အပိုင်းပါ။မြန်မာနိုင်ငံမှာ KBZ Pay ၊ Wave Money ၊ Mobile Payment ၊ Online Payment ၊ Bank Transfer တွေက မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှု နဲ့ဆောင်ရွက် ရတာပါ။ ဗဟိုဘဏ်အနေနဲ့ တရားမဝင်ထီအတွက် ငွေပေးချေမှု နဲ့ဆက်စပ်တဲ့ ဘဏ်စာရင်းပိတ်သိမ်းတာ ၊ ဘဏ်စာရင်းထဲမှာရှိတဲ့ငွေ တွေကို ထိန်းချုပ်တာတွေ နဲ့ အတူ ပြည်ထဲရေးဝန်ကြီးဌာန လိုသက်ဆိုင်ရာဝန်ကြီးဌာန ကို သတင်းအချက်အလက် ပေးပို့ပြီး အရေးယူနိုင်တာ တွေ ရှိတယ် “ ဟု ဦးညီညီလှိုင် က ပြောသည်။

လက်ရှိတွင် မြန်မာပြည်တွင်း နေထိုင်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေထီ ကို ထိုးမည့်သူ နည်းပါးနေလျက်ရှိပြီး စစ်ကောင်စီလက်ထက် တွင် အမြင့်ဆုံး ဆုငွေအ‌ နေဖြင့် ကျပ်သိန်း ငါးထောင် အထိလျှော့ချသတ်မှတ်ပေးထားခြင်းဖြစ်သည်။

မြန်မာနွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် "အောင်လံလွှင့်ချီ နွေဦးထီ" အမည်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနမှ အွန်လိုင်း ငွေပေးချေမှု စနစ် ဖြင့် စတင်လုပ်ကိုင်တော့မည်ဖြစ်သည်။

"အောင်လံလွှင့်ချီ နွေဦးထီ"ကိုသြဂုတ်လ ၁၅ ရက်နေ့ တွင် စတင်ရောင်းချရန်အမျိုးသားညီညွတ်ရေးအစိုးရမှပြင်ဆင်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly