ကယားပြည်နယ် NDF ဥက္ကဌ ဓားခုတ်ခံရပြီးသေဆုံး

ကယားပြည်နယ် NDF ဥက္ကဌ ဓားခုတ်ခံရပြီးသေဆုံး

ဩဂုတ် ၁၃

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ( NDF) ဥက္ကဌ ဦးဟန်သာသည် သြဂုတ် ၁၃ ရက် နေ့လည်ပိုင်း ၂ နာရီခွဲအချိန်တွင် အမည်မသိလူ ၄ ဦးက ဓားဖြင့်ဝင်ခုတ်သ​​ဖြင့်နေအိမ်အတွင်း ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းမှာ ၂၀၂ဝ အထွေထွေရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်နေရာမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နေအိမ်၌ လျှပ်စစ်ပြုပြင်ရေးလုပ်ငန်းများလုပ်ကိုင် နေသူတစ်ဦးဖြစ်သည်။

NDF ဥက္ကဌ ဦးဟန်သာသည် နေအိမ်တွင်း ရှိနေစဥ် လူ ၄ ဦးက တီဗီပြင်ရန်ဟုဆိုကာ အိမ်ထဲဝင်လာပြီး ဓားဖြင့်ဝိုင်းခုတ်သွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ထိုသို့ပြုလုပ်သွားသည့် အကြောင်းအရင်းကို တစ်စုံတစ်ရာ သိရှိရခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required