ပါကစ္စတန် ရှီးယားအသိုင်းအဝိုင်းက ပစ်မှတ်ထား ခံနေရဟု ပြောကြား

ပါကစ္စတန် ရှီးယားအသိုင်းအဝိုင်းက ပစ်မှတ်ထား ခံနေရဟု ပြောကြား

ပါကစ္စတန်ရှိ ရှီးယားအသိုင်းအဝိုင်းသည် ပစ်မှတ်ထား ခံနေရသည်ဟု ၎င်းတို့၏ နိုင်ငံရေးအုပ်စုတစ်ခုက ထုတ်ဖော်ပြောကြားခဲ့သည်။

တိုင်းပြည်အတွင်း ရှီးယားဘာသာဝင်ပုဂ္ဂိုလ်များပျောက်ဆုံးနေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး မေးမြန်းနေစဉ် ရှီးယားနိုင်ငံရေးပါတီ MajlisWahdat-i-Muslimeen ၏ အထွေထွေအတွင်းရေးမှူး မူလာနာ ဆာဒတ်ဂျက်ဖရီက ယခုကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်ကြောင်း Dawn သတင်းဌာနက ဖော်ပြခဲ့သည်။

"ဒီနိုင်ငံမှာဥပဒေရော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရှိပေမယ့် ဒီကိစ္စရပ်တွေ ဖြစ်ပျက် နေပါတယ်" ဟု ပါကစ္စတန်တွင် ပျောက်ဆုံးနေသော ရှီးယားဘာသာဝင်ပုဂ္ဂိုလ်များနှင့် မိသားစုများအတွက် ဖွဲ့စည်းထားသော ပါကစ္စတန်ပူးတွဲလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (JAC) မှ ဟိုင်ဒါအဘားစ်ကလည်း ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသော လူများ၏ ကိစ္စအတွက် စိတ်ဝင်စားမှုမပြသခြင်းနှင့် လူများအစအနရှာမရအောင် ပျောက်ဆုံးမှုများကို ယခုအချိန်အထိ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခြင်းများမရှိသဖြင့် ပါကစ္စတန်အစိုးရအဖွဲ့အား ဆင်းပြည်နယ်တရားရုံးချုပ်က အစောပိုင်းက ပြစ်တင်ရှုတ်ချခဲ့သည်။

မိသားစုဝင်များအား ဧပြီလကုန်အထိမတွေ့ရှိပါက ဧပြီလကုန်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြရန် အစောပိုင်းတွင် ပါကစ္စတန်ပူးတွဲလုပ်ငန်းဖော်ဆောင်ရေး ကော်မတီက တောင်းဆိုခဲ့သည်ဟု Dawn က သတင်းဖော်ပြခဲ့သည်။

ပါကစ္စတန်အာဏာပိုင်များက ထပ်တလဲလဲအာမခံမှုများရှိသော်လည်း ပျောက်ဆုံးနေသူများကို ခြေရာခံမိခြင်း မရှိကြောင်း ပါကစ္စတန်ပူးတွဲလုပ်ငန်းဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ပြဿနာဖြစ်၍ ပျောက်ဆုံးမှုများသည် ပါကစ္စတန်၏ လူ့အခွင့်အရေးမှတ်တမ်းတွင် ကာလကြာရှည်စွာ ကတည်းက ရှိနေခဲ့သည်။

လူနည်းစုအသိုင်းအဝိုင်းများကို နှုတ်ပိတ်ရန်အတွက် ပါကစ္စတန်က လူများ လုံးဝပျောက်သွားအောင် လက်စ ဖျောက်ခြင်းကို လက်နက်တစ်ခုအဖြစ်အသုံးပြုခဲ့သည်။ မရေတွက်နိုင်သောပြန်ပေးဆွဲခံရသူများသည် အသတ်ခံရပြီး အများစုမှာ စစ်တပ်၏ လျှို့ဝှက်အကျဉ်းခန်းငယ်များတွင် လူမဆန်စွာညှဉ်းပန်းနှိပ်စက်မှုများကို ခံနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly