မကွေးလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ဒေါ်မြင့်စန်း အဖမ်းခံရ 

By The Nation Voice 
13 August 2021
မကွေးလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ဒေါ်မြင့်စန်း အဖမ်းခံရ 

သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) အဖွဲ့ဝင် ဒေါ်မြင့်စန်းသည် သြဂုတ် ၁၁ရက် ညပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ 

၎င်းကို စစ်ကောင်စီက ၅၀၅(ခ) ပုဒ်မတပ်ကာ ဖမ်းဝရမ်းထုတ်ထားပြီး နတ်တလင်းမြို့တွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ 

"သူအမေနေမကောင်းလို့ သူကသွားတာပေါ့၊ သွားတဲ့အချိန်မှာ ဒလန်က ရဲကိုသတင်းပေးလိုက်တာ။ အဲဒါနဲ့သူကို လာပြီး ဖမ်းသွားတယ် ။ သူ့အမေကတော့ ဆုံးသွားတယ်" ဟု နီးစပ်သူတစ်ဦးက ပြောပြသည်။ 

ဒေါ်မြင့်စန်းသည် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)၏ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ 

NLD ပါတီကိုယ်စားပြုကာ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သော အိမ်ထောင်မရှိသည့် အငြိမ်းစား ကျောင်းဆရာမတစ်ဦးလည်း ဖြစ်သည်။ 

ယမန်နေ့ညပိုင်းတွင် ပခုက္ကူအကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး စစ်ကြောရေးလုပ်နေသည်ဟု သိရကြောင်း နီးစပ်သူများထံက သိရှိရသည်။
-------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required