ကမ္ဘာလုံးဆိုင်ရာဂေဟစနစ်ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယ၏ အားထုတ်မှု အသစ်

By Saudi Gazette
12 August 2021
ကမ္ဘာလုံးဆိုင်ရာဂေဟစနစ်ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယ၏ အားထုတ်မှု အသစ်

အိန္ဒိယက မြေယာများယိုယွင်းပျက်စီးမှု ထိန်းသိမ်းရေးအတွက် အမျိုးသားရေးကတိကဝတ်များရရှိရန် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက မကြာသေးမီက ပြောကြားခဲ့သည်။

ဥပမာအားဖြင့် အိန္ဒိယက လွန်ခဲ့သောဆယ်စုနှစ်အတွင်း သစ်တောဧရိယာဟက်တာ ၃ သန်းကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်စိတ်တစ်ပိုင်းကြိုးပမ်းမှုအဖြစ်ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် လူသားအားလုံးအတွက်ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ သဲကန္တာရဖြစ်ထွန်းမှု၊ မြေယာပျက်စီးခြင်းနှင့် မိုးခေါင်ခြင်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲတွင် အိန္ဒိယဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့သည်။

“ရှေးပဝေသဏီကတည်းက ကျွန်တော်တို့ရဲ့ ရှေးလူ့အဖွဲ့အစည်းတွေက မြေယာပေါ်မှာ အခြေပြု လည်ပတ်ခဲ့ကြပြီး မြေယာက စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝတစ်ခုလုံးအပေါ် ရေရှည်သက်ရောက်မှုရှိခဲ့ပါတယ်။

ဒါပေမဲ့ စနစ်တကျစိုက်ပျိုးတဲ့ လယ်ယာစိုက်ပျိုးရေးထွန်းကားလာတာနဲ့အမျှ လူဦးရေတိုးပွားလာမှုက ကမ္ဘာ့မြေထု စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံက ဆုတ်ယုတ်ကျဆင်းသွားတဲ့ အခြေအနေကို ဦးတည်သွားခဲ့ပါတယ်။

ပြောစရာမလိုပါဘူး၊ လူနေမှုဘဝအရည်အသွေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေး အစီအမံတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကို ထိခိုက်ပြီး မရေမတွက်နိုင်တဲ့ အသက်မွေးဝမ်းကျောင်းတွေက ယနေ့ မြေယာပျက်စီးခြင်းကြောင့် မျိုးသုဉ်းလုနီးပါး ဖြစ်နေပါပြီ” ဟု အိန္ဒိယဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။

ကျတ်တီးမြေများတွင် သစ်ပင်များပြန်လည်နုပျိုစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို တွန်းအားပေးမှုက ကမ္ဘာကြီးကို များစွာအံ့အားသင့်သွားစေခဲ့ကြောင်း သူက ဆိုသည်။

အိန္ဒိယကဲ့သို့သော ယဉ်ကျေးမှုအစဉ်အလာကြီးသော နိုင်ငံက ကမ္ဘာမြေကြီးကို ယခုကဲ့သို့ ရည်ညွှန်းခြင်းက အိန္ဒိယနိုင်ငံသားများအတွက် မိခင်ကျေးဇူးကို ကလေးက ပြန်ဆပ်ခြင်းသာဖြစ်သည်။

အိန္ဒိယတွင် သစ်တောပျိုးထောင်သည့်အလေ့အကျင့် အမြစ်တွယ်လာနေသည့် အရှိန်အဟုန်ကြောင့် ကျတ်တီးမြေများတွင် သစ်ပင်များပြန်လည်နုပျိုစေရေးအတွက် ရည်မှန်းချက်အသစ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဟက်တာ ၂၆ သန်းအထိရှိလာစေရန် ရည်မှန်းထားသည်။

လာမည့်ဆယ်စုနှစ်အတွက် ရည်မှန်းချက်ကြီးတစ်ခုဟု ထင်ရသော်လည်း ပိုမိုစိမ်းလန်းသော အိန္ဒိယနိုင်ငံ ဖြစ်ရေး ကြိုးပမ်းမှုများက ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၃ ဘီလီယံခန့်ကို တားဆီးပေးလိမ့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly