မန္တလေးတွင် ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျလာ 

By The Nation Voice 
11 August 2021
မန္တလေးတွင် ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျလာ 

ဩဂုတ် ၁၁ ၊ 

မန္တလေးတွင် ဩဂုတ်လအတွင်း ကိုဗစ်ကြောင့် သေဆုံးမှုများ လျော့ကျလာပြီဖြစ်ကြောင်း ပရဟိတကူညီရေးအသင်းများထံက သိရသည်။

ယခင်က ပရဟိတအသင်းများအနေဖြင့် ကိုဗစ်သံသယဖြင့် သေဆုံးသူများကို တစ်ရက်လျှင် ၁၀၀ နီးပါးသင်္ဂြိုဟ်ခဲ့ကြရသည်။  

" ဇွန်လ တတိယအပတ်ကနေစပြီးနဲ့ ဇူလိုင်လဒုတိယပတ်အထိကို သေဆုံးမှုက မြင့်တတ်နေတုန်းပဲ။ ဒီရက်ပိုင်း သေဆုံးမှုတွေလည်း ကျလာတယ်။ တရက်ကို (၂၀) ဝန်းကျင်လောက်ပဲ ရှိတော့တယ်။ ကိုဗစ် ဖြစ်ပွားမှုနှုန်းတွေလည်း ကျလာတယ်။ အောက်စီဂျင်လိုတာကတော့ လက်ရှိချိန်ထိ လိုနေကြတုန်းပဲ။ များသောအားဖြင့်လိုတာက အသက်ကြီးပိုင်းတွေ များတယ် " ဟု ပရဟိတမင်းခေါင်လူမှုကူညီးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

ဇူလိုင်လကုန်အထိ ကိုဗစ်ကြောင့် သေဆုံးသူ (၂၀၀၀) ကျော် ရှိခဲ့ကြောင်း ပရဟိတအသင်းများ၏ မှတ်တမ်းများအရ သိရသည်။ 

မန္တလေးမြို့တွင် လက်ရှိအချိန်၌ ကုသမှုအခက်အခဲများကြောင့် ကြိုတင်ကာကွယ်မှုများအဖြစ် ဆေးဝယ်ခြင်း၊ ကျန်းမာအထောက်အကူပြုများ လိုအပ်ချက်များရှိနေသည့်အပြင် ဆေးစျေးစျေးနုန်းများမြင့်လာမှုများကို ရင်ဆိုင်နေကြရသည်။

ကိုဗစ်ရောဂါကြောင့် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ် မရောင်းချဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ဇူလိုင် ၅ ရက်က စတင်ကာ ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly