တာလီဘန်နှင့် ပါကစ္စတန်တို့ကို အာဖဂန်မြို့တော် ကဘူးတွင် ပြည်သူများက ကန့်ကွက်ဆန္ဒပြ

By Just Earth News
09 August 2021
တာလီဘန်နှင့် ပါကစ္စတန်တို့ကို အာဖဂန်မြို့တော် ကဘူးတွင် ပြည်သူများက ကန့်ကွက်ဆန္ဒပြ

အရပ်သားပြည်သူများက တာလီဘန်နှင့် ပါကစ္စတန်အစိုးရကို အာဖဂန်နစ္စတန် မြို့တော်ကဘူး၌ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထူးခြားသည့် ဖြစ်ရပ်အနေဖြင့် အာဖဂန်နစ္စတန် ဒုတိယသမ္မတတစ်ဦးဖြစ်သူ အမ်ရူလာဆာလက်လည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။

ဘုရားသခင်သည် ပါကစ္စတန်နှင့် မသက်ဆိုင်ကြောင်းလည်း ၎င်းက ပြောကြားလိုက်သည်။

အလားတူဆန္ဒပြမှုများလည်း ဟာရက်မြို့တွင် ဖြစ်ပွားခဲ့သည်။

တာလီဘန်နှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ဟာရက်မြို့နှင့် ကပ်လျှက် အင်ဂျေးခရိုင်တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး အဗ္ဗဒူကာနေးက ၎င်းတို့မြို့တော်၏ ကာကွယ်ရေးအခြေအနေကောင်းမွန်ကြောင်းနှင့် အာဖဂန်တပ်ဖွဲ့တို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တာလီဘန်တို့ အကျအဆုံး များနေကြောင်းလည်း ပြောကြားသည်။

အာဖဂန်တပ်ဖွဲ့များကို ကူညီသည့် ပြည်သူ့စစ်များကို ခေါင်းဆောင်နေသော မူဂျာဟစ်ဒင်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ အစ္စမေးလ်ခန်းက တာလီဘန်တို့၏ ဘေးအန္တရာယ်မှ လွတ်ကင်းအောင် ပြောင်းရွှေ့နေထိုင်ကြရန် ဟာရက်ဒေသခံများကို ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly