မူဆယ်မြို့တွင် COVOD-19 ဖြင့် သေဆုံးမှုနှုန်းမြင့်တက် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးများလိုအပ်​နေ

မူဆယ်မြို့တွင် COVOD-19 ဖြင့် သေဆုံးမှုနှုန်းမြင့်တက် ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးများလိုအပ်​နေ

ဩဂုတ် ၇

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုလ ၇ရက်နေ့အထိ COVID-19 ဖြင့်သေဆုံးသူ ၇၀ကျော်ရှိလာပြီး ကျန်းမာရေး၀န်ထမ်းနှင့် ဆေးဝါးများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

COVID-19 တတိယလှိုင်းကာလအတွင်း သေဆုံးမှုသည်ယနေ့အချိန်အထိ မြင့်တက်လျက်ရှိပြီး ရပ်ကွက်များအား Lock Down ချထားရခြင်းများရှိနေသည်ဟု မြို့ခံ လူမှုကူညီရေးအသင်းတစ်ခုထံမှသိရသည်။ 

" Lock Down လုပ်ပေမယ့် စည်းကမ်းမလိုက်နာတဲ့သူတွေလည်းရှိကြတယ်။ တချို့ကျတော့လည်း စားဝတ်နေရေးအတွက် ထွက်နေရ ၊အချို့ကျတော့လည်း ကျန်းမာရေးအရ ထွက်နေရတော့ စည်းကမ်းကမလိုက်နာကြဘူး၊ စစ်အစိုးရကိုဆန့်ကျင်တဲ့ CDM ဝန်ထမ်းက များ လာတယ်၊ ဝန်ထမ်းလိုအပ်လာတယ်။ ဆေးဝါးတွေလည်း လိုလာတယ်"ဟု ပရဟိတအသင်းတွင် ပါဝင်လုပ်ကိုင်နေသူတစ်ဦးမှဆိုသည်။ 

မူဆယ်မြို့၌ ရပ်ကွက်အလိုက် lock down များချထား‌သော်လည်း စည်ကားစွာသွားလာနေကြပြီး လူတိုင်းနီးပါးသည် mask တပ်ထားကြကြောင်း မြင်တွေ့ရသည်။ 

တရုတ်မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ကိုဗစ် တတိယလှိုင်းအစမှ ယနေ့ ဩဂုတ်လ ၇ ရက်နေ့အထိ ပိုးတွေ့လူနာ ၈၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၇၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly