ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ညအချိန် ပစ်ခတ်မှုဖြစ်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ညအချိန် ပစ်ခတ်မှုဖြစ်

ဩဂုတ် ၇

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် သြဂုတ် ၆ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

ယင်းပစ်ခတ်မှုတွင် CDF Kanpetlet အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှုမဟုတ်သည့်အတွက် စစ်ကောင်စီဘက်ကသာ ဦးတည့်ရာမဲ့၊ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း CDF Kanpetlet  ဘက်ကပြောသည်။

အဆိုပါဖြစ်စဉ်သည် ပြည်သူ့အပေါ် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်မှုမရှိခြင်း၊ ကျင့်ဝတ်နှင့် သိက္ခာကိုတန်ဖိုးထားမှုမရှိသည့် စစ်အုပ်စုက တိုက်ပွဲပုံဖန်တီးပြီး မြို့ပေါ်တွင် ရမ်းကားစွာ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း CDF ကထုတ်ပြန်သည်။

ကပ်ရောဂါကာလတွင် မိဘပြည်သူများ၏ စိတ်သောကဝေဒနာကို ခံစားနားလည်ပေးသည့်အနေဖြင့် မြို့တွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းခဲ့ကြကြောင်း CDF Kanpetlet ဘက်က တာဝန်ရှိသူတစ်ဦးက ယနေ့  သြဂုတ်လ ၇ ရက် တွင် ပြောသည်။

ကန်ပက်လက်မြို့တွင် စစ်‌ကောင်စီမှ လက်နက်ကြီး အသုံးပြုပစ်ခတ်မှုကြောင့် နှစ်ခြင်းဘုရားကျောင်းအပါအဝင် လူနေအိမ်တချို့ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly