ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း အိန္ဒိယသို့ ၅၂ နိုင်ငံမှ အကူအညီများ ပေးအပ်ခဲ့

ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း အိန္ဒိယသို့ ၅၂ နိုင်ငံမှ အကူအညီများ ပေးအပ်ခဲ့

အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း နိုင်ငံတွင်း၌ အလွယ်တကူ ဝယ်ယူမရနိုင်သည့် သက်ဆိုင်ရာဆေးဝါးများနှင့် ဆေးပစ္စည်းမျာကို နိုင်ငံတကာမှ ညီညွတ်စွာ ကူညီခဲ့ကြသလို ယခုအချိန်အထိ နိုင်ငံပေါင်း ၅၂ နိုင်မှ ပစ္စည်းအကူအညီများ ရရှိထားကြောင်း အိန္ဒိယအစိုးရက အထက်လွှတ်တော်သို့ ဩဂုတ် ၅ ရက်က ပြောကြားလိုက်သည်။

ပြည်ပရေးရာဝန်ကြီး ဗွီ မူရာလီဓာရန်က စာဖြင့် ပြန်လည်အကြောင်းကြားရာတွင် အိန္ဒိယသည် ပထမအသုတ်အဖြစ် Sputnik ကိုဗစ်ကာကွယ်ဆေးအလုံး ၃၁ ဒသမ ၅ သိန်းနှင့် ဒုတိယအသုတ်အဖြစ် အဆိုပါ အမျိုးအစား ကာကွယ်ဆေး ၄ ဒသမ ၅ သိန်း ရရှိထားပြီးဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

“ကိုဗစ်-၁၉ ဒုတိယလှိုင်း ဆိုးရွားစွာ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံအတွင်း အလွယ်တကူ မရရှိနိုင်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ညီညီညွတ်ညွတ်နဲ့ ကူညီပေးခဲ့ကြတာ နိုင်ငံတွင်းမှာ ဒီပစ္စည်းတွေ ထုတ်လုပ်မှု တိုးတက်လာတဲ့ အထိပါပဲ” ဟု ၎င်းက ပြောကြားသည်။

“နိုင်ငံပေါင်း ၅၃ နိုင်ငံကနေ အခုချိန်ထိ ရရှိခဲ့တဲ့ ပစ္စည်းတွေမှာ အစိုးရအချင်းချင်း၊ ပုဂ္ဂလိက ကဏ္ဍကနေ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းအချင်းချင်း၊ ပြည်ပရောက် အိန္ဒိယနိုင်ငံသားများနဲ့ ကုမ္ပဏီတွေက ပါဝင်ပါတယ်” ဟု လည်း ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly