အမေရိကန် ဒုနိုင်ငံခြားရေး၀န်ကြီးနှင့် NUG အစိုးရ၏ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး ဆွေးနွေး 

အမေရိကန် ဒုနိုင်ငံခြားရေး၀န်ကြီးနှင့် NUG အစိုးရ၏ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး ဆွေးနွေး 
အမေရိကန် ဒုတိယနိုင်ငံခြားရေး၀န်ကြီး ၀မ်ဒီ ရှားမန်။ Photo: EPA

အမေရိကန် ဒုတိယနိုင်ငံခြားရေး၀န်ကြီး ၀မ်ဒီ ရှားမန်နှင့် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်တို့သည် သြဂုတ် ၄ ရက်နေ့က မြန်မာ့ဒီမိုကရေစီအရေး ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။  

ယင်းသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရတစ်ရပ်ထံမှ အာဏာသိမ်းယူခဲ့သည့် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အတိုက်အခံ NUG အစိုးရအဖွဲ့နှင့် အမေရိကန် အဆင့်မြင့်အရာရှိကြီးတစ်ဦးတို့အကြား တွေ့ဆုံမှုကို ပထမဆုံး ကြေညာခဲ့မှုလည်း ဖြစ်သည်။ 

ဒုနိုင်ငံခြားရေး၀န်ကြီး ရှားမန်သည် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေး၀န်ကြီးအဖြစ် တာ၀န်ယူထားသည့် ဒေါ်ဇင်မာအောင်နှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ဖော်ခဲ့သည်။ 

“ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုအပေါ် အမေရိကန်ဘက်က ဆက်လက်ထောက်ခံမှုအပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် လက်ရှိ လုပ်နေဆဲ အားထုတ်မှုတွေနဲ့ပတ်သက်လို့ သူတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားသည်။ 

“ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေမှုကို တိုက်ဖျက်ဖို့ နဲ့ မြန်မာပြည်သူတွေကို အရေးပါတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ဖို့ အားထုတ်မှုတွေနဲ့ပတ်သက်လို့လည်း သူတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ 

NUG သည် ပြီးခဲ့သည့် ခြောက်လအကြာက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူထားခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများကို ဆန့်ကျင်သော အတိုက်အခံများနှင့် ရွေး‌ကောက်ခံအစိုးရ အဖွဲ့၀င်များဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြိုလဲကျဆင်းထားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်မှုနှင့်အတူ ပြီးခဲ့သည့်လက ကျန်းမာရေး အကျပ်အတည်းသည်လည်း ပိုမို ဆိုးရွားထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required