ပါကစ္စတန် ရူပီးငွေတန်ဖိုး ဆက်လက်ကျဆင်း

By Khaleej Times
04 August 2021
ပါကစ္စတန် ရူပီးငွေတန်ဖိုး ဆက်လက်ကျဆင်း

ပါကစ္စတန်နိုင်ငံ၏ ရူပီးငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာ၊ ယူအေအီးငွေကြေး ဒါဟမ်နှင့်အခြား အဓိက ငွေကြေးများနှင့် နှိုင်းယှဥ◌်ပါက ဇူလိုင်လအတွင်း ဆက်လက်ကျဆင်းခဲ့ကာ လာမည်သီတင်းပတ်များအတွင်း တန်ဖိုး နိမ့်နေမည်ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက နိုင်ငံတကာဘဏ်ဈေးကွက်တွင် ပါကစ္စတန်ငွေတန်ဖိုးသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နှစ်အလိုက်အားအားဖြင့် ၁ ဒသမ၆၂ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

ဇူလိုင် ၃၀ ရက်က တစ်ဒေါ်လာလျှင် ၅၄ ပီးယက်စ်လျော့နည်းသွားသဖြင့် ၁၆၂ ဒသမ ၄၃ ရူပီး သာရှိတော့ပြီး ယင်းနေ့မတိုင်မီက ၁၆၁ ဒသမ ၈၈ ရူပီးရှိခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာ လေ့လာသုံးသပ်သည့်လုပ်ငန်း Capital Stake တွင် ဖော်ပြထားသည်။

ရေနံစိမ်း ပိုမိုတင်သွင်းခဲ့ခြင်းနှင့် အခြားကုန်ပစ္စည်း ဈေးနှုန်းတို့ကြောင့် နိုင်ငံ၏ ငွေစာရင်း လိုအပ်ချက်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံ ရှိခဲ့သဖြင့် ပါကစ္စတန်ရူပီးတန်ဖိုးသည် ဆက်လက် နိမ့်နေဦး မည်ဟု ဈေးကွက်ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပြောကြားသည်။

“နိုင်ငံ၏ ဘဏ္ဍာငွေ လိုအပ်ချက်သည် မေလတွင် ဒေါ်လာ သန်း ၆၅၀ ရှိခဲ့ရာမှ ဇွန်လတွင် ဒေါ်လာ၁ ဒသမ ၆ ဘီလျံ ရှိလာကြောင်း ပါကစ္စတန် နိုင်ငံတော်ဘဏ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly