လွိုင်ကော် စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲ 

လွိုင်ကော် စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲ 

ဩဂုတ် ၃

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှာရှိတဲ့ မြို့နယ်စည်ပင်ရုံးအတွင်း ဒီကနေ့ ဩဂုတ်လ ၃ ရက်ည ၇နာရီခွဲ အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

"စည်ပင်ရုံးထဲ ဗုံးပေါက်တာ၊ သွပ်တွေတော့ လန်ကုန်တယ်၊ အသံက အကျယ်ကြီးပဲ ကြားရတယ် " လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

လွိုင်ကော်မြို့မှာ အာဏာသိမ်းပြီးနောက် ပေါက်ကွဲမှုတွေ မကြာခနဖြစ်ခဲ့ပြီး အခုပေါက်ကွဲမှုမှာ ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲပြီး   စစ်ကောင်စီဖက်က ၁၁ ဦးကျဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရ ရရှိခဲ့တယ်လို့လည်း KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီတပ်မတော် (KA) နှင့် KNDF ပူပေါင်းအဖွဲ့တို့က ကရင်နီပြည်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ ကိုလည်း KNDF က သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly