အာဆီယံ အထူးသံတမန်ခန့်အပ်ရေး မြန်မာလက်ခံဖို့ အင်ဒို တိုက်တွန်း 

03 August 2021
အာဆီယံ အထူးသံတမန်ခန့်အပ်ရေး မြန်မာလက်ခံဖို့ အင်ဒို တိုက်တွန်း 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ကြားဝင်ဆောင်ရွက်ပေးရေး အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံက ခန့်အပ်မယ့် အထူးသံတမန်ကို မြန်မာနိုင်ငံအနေနဲ့ လက်ခံဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ratno Marsudi က မနေ့တုန်းက တိုက်တွန်းလိုက်ပါတယ်။

“ဂျကာတာမြို့မှာ မြန်မာ့အရေးအတွက် အာဆီယံ အထူးထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၀၀ ရှိသွားပါပြီ။ မြန်မာ့အရေးအတွက် အာဆီယံက အဲဒီစည်းဝေးပွဲအတွင်း ချမှတ်ခဲ့တဲ့ သဘောတူညီချက် (၅) ချက်ကို အခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ အာဆီယံအဖွဲ့က ခန့်အပ် တာဝန်ပေးမယ့် အထူးသံတမန်ကို မြန်မာဘက်က ချက်ခြင်း လက်ခံပေးလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly