လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်ထဲသို့ ဝင်လာခြင်းကြောင့် တရုတ်က ဗြိတိန် ကို သတိပေး

လေယာဉ်တင်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်ထဲသို့ ဝင်လာခြင်းကြောင့် တရုတ်က ဗြိတိန် ကို သတိပေး

လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်သော ဗြိတိန်လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်စု အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ထဲသို့ ဝင်ရောက်လာခြင်းသည် မသင့်လျော်သည့် အပြုအမူအဖြစ် တရုတ်ကသတိပေးလိုက်သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရေတပ်သည် တိုက်ခိုက်ရေးအတွက် အသင့်အနေအထားတွင် ရှိနေသည်ဟု အာဏာရတရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အာဘော်ဖြစ်သော Global Times က ဆိုသည်။

ဗြိတိန်သည် ကိုလိုနီခေတ်တွင် နေထိုင်နေဆဲဖြစ်ကြောင်း တရုတ်က စွပ်စွဲခဲ့ပြီး လက်ရှိတွင် တောင်တရုတ် ပင်လယ်ကို ဖြတ်၍ ဂျပန်သို့ ဦးတည်သွားနေသော အဆိုပါ သင်္ဘောအုပ်စု အရှေ့ဘက်သို့ ဖြတ်သန်း မောင်းနှင်နေခြင်းကို တရုတ်က အနီးကပ်စောင့်ကြည့်နေသည်။

ဗြိတိန်တော်ဝင်ရေတပ်မတော်သည် စင်္ကာပူရေတပ်နှင့် လေ့ကျင့်ခန်းများပြုလုပ်ခဲ့ပြီး ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဘင်ဝေါလေ့က တောင်တရုတ်ပင်လယ်တစ်လျှောက် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ဟုခေါ်သော စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ရည်ရွယ်ချက်ကို လျှို့ဝှက်မထားခဲ့ပေ။

၂၀၁၆ ခုနှစ် နိုင်ငံတကာတရားရုံး၏ စီရင်ချက်နှင့် ဆန့်ကျင်လျက် တရုတ်က တောင်တရုတ်ပင်လယ်အများစုကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားထားပြီး အိမ်နီးချင်းနိုင်ငံများ၏ ရေပိုက်နက်နှင့် နီးကပ်သော နေရာများတွင် ကျောက်တန်းအတုများနှင့် လေယာဉ်ပြေးလမ်းများ တည်ဆောက်နေသည်။

အမေရိကန်နှင့် ဗြိတိန်တော်ဝင်ရေတပ်မတော်မှ စစ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်တွင် ရည်ရွယ်ချက်ရှိရှိ ခုတ်မောင်းခြင်းအားဖြင့် တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုများကို မကြာသေးမီက စိန်ခေါ်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း တရုတ်က ဒေသတွင်းတွင် ကမ်းတက်တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရေးလေ့ကျင့်မှု များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သဖြင့် ထိုင်ဝမ်ကို ကျူးကျော်ရန်ပြင်ဆင်နေသည်ကို လေ့လာသူအချို့က စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required