တရုတ်ပြည်နယ်များတွင် မွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေအချိုးအစားဆိုင်ရာ အကြပ်အတည်း ဆိုးရွားနိုင်

တရုတ်ပြည်နယ်များတွင် မွေးဖွားနှုန်းကျဆင်းမှုကြောင့် လူဦးရေအချိုးအစားဆိုင်ရာ အကြပ်အတည်း ဆိုးရွားနိုင်

ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သောနိုင်ငံတွင် လူဦးရေအချိုးအစားအကျပ်အတည်းတစ်ခုသို့ ဦးတည် နေကြောင်း သတိပေးချက်များမြင့်တက်လာချိန်တွင် တရုတ်နိုင်ငံတွင် ၂၀၂၁ခုနှစ် ပထမနှစ်ဝက်အတွင်း မွေးကင်းစ ကလေးငယ်ဦးရေသည် သိသိသာသာ ကျဆင်းသွားကြောင်း ဒေသခံအစိုးရ အချက်အလက်များက ဖော်ပြနေသည်။

တရုတ်ပြည်က တစ်နိုင်ငံလုံး လူဦးရေအချက်အလက်များကို သုံးလတစ်ကြိမ် သို့မဟုတ် နှစ်ဝက် တစ်ကြိမ် ထုတ်ပြန်လေ့မရှိသော်လည်း အချို့ပြည်နယ်များ၊ မြို့ကြီးများနှင့် ကောင်တီများမှ မကြာသေးမီက ထုတ်ပြန်ချက် များတွင် နိုင်ငံ၏ လူဦးရေကျဆင်းလာခြင်းနှင့် ပတ်သက်၍ အမြင်သစ်များကို ဖော်ပြနေသည်။

ဒေသတွင်း အချက်အလက်များက သာမန်အားဖြင့် ဆက်စပ်မှုမရှိသော်လည်း တရုတ်လူဦးရေ၏ လက်ရှိအနေအထားကို ကြိုတင်သိမြင်နိုင်သလို ယင်းပြဿနာသည် ကုန်ထုတ်စွမ်းအား၊ ပင်စင်စနစ်နှင့် အနာဂတ်စားသုံးမှုအပေါ်အကျိုးသက်ရောက်စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

တရုတ်ပြည်၏ တတိယလူဦးရေအထူထပ်ဆုံး အုပ်ချုပ်မှုဒေသဖြစ်ပြီး အလယ်ပိုင်းပြည်နယ်ဖြစ်သော ဟိုင်နန်တွင် မွေးကင်းစကလေးငယ်အရေအတွက်သည် ၂၀၂၀ပြည့်နှစ်ကထက် ၁၇ ဒသမ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ၂၀၂၁ခုနှစ် ပထမနှစ်ဝက်တွင် ၄၁၁,ဝဝဝ အထိကျဆင်းသွားကြောင်း မွေးကင်းစရောဂါစစ်ဆေးမှုဆိုင်ရာ ပြည်နယ်အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်ပြည်၏ ဒုတိယ လူဦးရေအများဆုံး ပြည်နယ်ဖြစ်သော ရှင်တုန်းရှိ ကောင်တီအဆင့်ရှိမြို့ဖြစ်သော ကျောင်းကျိုးတွင် ဇန်နဝါရီလမှ ဇွန်လအတွင်း မွေးဖွားလက်မှတ် ၃,၂၃၈ ခုကို ထုတ်ပေးခဲ့ပြီး ၂၀၂၀ပြည့်နှစ်ကထက် ၁၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု အစိုးရ၏ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ၏ စတုတ္ထမြောက်လူဦးရေအများဆုံးပြည်နယ်နှင့် ပြည်နယ်များအနက် ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် ကျန်းစုပြည်နယ်ရှိ ကောင်တီအဆင့်ရှိသောမြို့ဖြစ်သော ချန်ရှားတွင် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် မွေးကင်းစကလေးငယ်ပေါင်း ၃,၆၀၆ ကိုမွေးဖွားခဲ့ပြီး ၂၀၂၀ပြည့်နှစ်ကထက် ၁၁ ဒသမ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဒေသမွေးစာရင်း အချက်အလက်များအရ သိရသည်။

အနောက်တောင်ပိုင်းရှိ တောင်ကုန်းထူထပ်သည့် ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်တွင် မွေးဖွားနှုန်းသည် ၂၀၂၀ပြည့်နှစ်ကထက် ၄ ဒသမ ရာခိုင်နှုန်းကျဆင်းပြီး ၂၁၁၉၃ ဦးမွေးဖွားခဲ့ကြောင်း စည်ပင်သာယာ စာရင်းဇယားများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly