စစ်ကောင်စီတပ်များမှ နယ်မြေကျူးကျော်လာနေသရွေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်မယ်လို့ CDF ထုတ်ပြန်

စစ်ကောင်စီတပ်များမှ နယ်မြေကျူးကျော်လာနေသရွေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်မယ်လို့ CDF ထုတ်ပြန်
ဇူလိုင်လ ၃၀ ရက် မင်းတပ်-မတူပီကြား တိုက်ပွဲမှာ သေဆုံးသော စစ်ကောင်စီတပ် အလောင်းများ

ဩဂုတ် ၁

စစ်ကောင်စီတပ်များမှ နယ်မြေကျူးကျော်လာနေသရွေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်မယ်လို့ ချင်းပြည်ကာကွယ်ရေး တပ် CDF က ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်သည်။

ဇူလိုင်လ ၃၀ ရက်က မင်းတပ်-မတူပီကြား တိုက်ပွဲမှာ သေးဆုံးတဲ့ စစ်ကောင်စီတပ်တွေရဲ့  ရုပ်အလောင်းများကိုလည်း ဒီကနေ့ ဩဂုတ်လ ၁ ရက်မှာ CDF ကထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃၀ ရက် မင်းတပ်-မတူပီကြား တိုက်ပွဲမှာ သေဆုံးသော စစ်ကောင်စီတပ် အလောင်းများ

မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် (၇၃) တွင် CDF-Matupi, CNA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား   တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် ၁၀ ဦးသေဆုံးကြောင်း CDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲတွင် CDF-မတူပီ မှ ဆလိုင်း ကုန်းထန်း၊ ဆလိုင်း ဟာထွန်းနှင့် ဆလိုင်းထန်းချင်းဆန် တို့ကျဆုံးခဲ့သည်။

ဇူလိုင်လ ၃၀ ရက် မင်းတပ်-မတူပီကြား တိုက်ပွဲမှာ သေဆုံးသော စစ်ကောင်စီတပ် အလောင်းများ

အပစ်ခတ်ရပ်စဲသက်တမ်းတိုးဖို့ ဆွေးနွေးမှုပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၀ ရက်နောက်ပိုင်းမှာCDF တွေနဲ့  စကစတပ်တို့ တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly