လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းမှာ ကရင်နီ ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းမှာ ကရင်နီ ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ဇူလိုင် ၃၁

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ဘဒေါမူကလားကျေးရွာအရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်း​တပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၃၁ နေ့ မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လူဦးရေ ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဘေးရှောင်ရှိရာနေရာသို့လှည့်လည်သွားလာပြီး သတ်မှတ်ထားတဲ့နယ်မြေအထိ ကျော်လွန်လာတဲ့အတွက် ဒီနေ့မနက် ၁၁ နာဝန်းကျင်အချိန်က ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ပူးပေါင်းအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ဘဒေါမူကလားကျေးရွာရဲ့အရှေ့ဖက် ၃ မိုင်အကွာလောက်မှာ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်ရှိကာ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး၊လက်နက်ငယ်တွေဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးစီကနေသိရပါတယ်။

တိုက်ပွဲကြောင့်နှစ်ဖက် ထိခိုက်၊ အကျအဆုံးစာရင်ကိုတော့ ခုချိန်ထိမရသေးဘဲ ဆုံစမ်းနေဆဲဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly