စစ်ရေးတင်းမာမှုကြောင့်ထွက်ပြေးရတဲ့ စစ်ရှောင် ၇၇၀,၀၀ ခန့်ရှိနေ

စစ်ရေးတင်းမာမှုကြောင့်ထွက်ပြေးရတဲ့ စစ်ရှောင် ၇၇၀,၀၀ ခန့်ရှိနေ

ဇူလိုင် ၃၁

စစ်အုပ်စုရဲ့လက်နက်ကြီးတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကြောင့် KNU နယ်မြေထဲက ကရင်စစ်ရှောင် ရွာသူ၊ ရွာသား ၇၇၀,၀၀ လောက် ထွက်ပြေးပုန်းရှောင်နေရကြောင်း ကော်သူးလေ သတင်းစဉ်က ထုတ်ပြန်ပါတယ်။

KNU ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စုတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွ ေကြောင့် KNLA နဲ့ ထိပ်တိုက်မကြာခဏတွေ့ဆုံနေရတာပါ။

အဲ့လိုထိတွေ့မှုဖြစ်ပြီးတိုင်း အထိနာပြီးဆုတ်သွားရလေ့ရှိတဲ့ စစ်ကောင်စီဘက်က တိုက်ပွဲနဲ့မဆိုင်တဲ့ ဒေသခံတွေနေတဲ့ ကျေးရွာတွေ၊ လုပ်ငန်းခွင်တွေဆီ လက်နက်ကြီးတွေနဲ့ပစ်ခတ်ကြတာပါ။ 

ဒါကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ လုပ်ငန်းနေရာတွေ၊ အိမ်ယာအဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

အဓိကအနေနဲ့ “ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်သောကြောင့် အခုနှစ်အတွက် စိုက်ပျိုးနိုင်ခြင်းမရှိတော့လို့  လာမယ့်နှစ်အတွက် စားနပ်ရိက္ခာ အခက်အခဲ ကို ထပ်မံရင်ဆိုင် ရဦးမှာဖြစ်တယ်” လို့ ကော်သူးလေသတင်းစဉ်မှာဖော်ပြပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ လက်ရှိမှာလည်း နေထိုင်ရေး၊ အစားအသောက်နှင့် ကျန်းမာရေး ပြဿနာတွေကို ကြုံတွေ့နေရတာပါ။

စစ်ကောင်စီက စစ်အင်အား တိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်တာ၊ နယ်မြေစိုးမိုးရေးဆိုပြီး လုပ်ဆောင်တာတွေကြောင့် ကော်သူးလေစာသင်ကျောင်းအချို့ ပိတ်ပစ်ခဲ့ရပြီး ကလေးသူငယ်တွေ၊ လူငယ်လူရွယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly