မီဇိုရမ်ပြည်နယ် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေးအတွက် ကမ္ဘာ့ဘဏ်က အိန္ဒိယသို့ ဒေါ်လာ ၃၂ သန်း ထုတ်ချေးမည်

By xinhuanet.com
30 July 2021
မီဇိုရမ်ပြည်နယ် ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေးအတွက် ကမ္ဘာ့ဘဏ်က အိန္ဒိယသို့ ဒေါ်လာ ၃၂ သန်း ထုတ်ချေးမည်

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်၏ စီမံခန့်ခွဲမှု စွမ်းရည်နှင့် ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရေးတို့အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၃၂ သန်းထုတ်ချေးရန် သဘောတူစာချုပ် ချုပ်ဆိုလိုက်ကြောင်း ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ချေးငွေများကို ပြည်နယ်အတွင်းရှိ ချို့တဲ့ နိမ့်ကျသည့်နေရာများအတွက် အဓိက အသုံးပြုသွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

“ဖွံ့ဖြိုးရေး စီမံကိန်းသည် ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဆိုင်ရာ ဌာနနှင့် အဆိုပါဌာန လက်အောက် အဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့ကို အားကောင်းလာစေနိုင်သလို ပြည်နယ်အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရည်အသွေးနှင့်ပျံ့နှံ့မှုတို့ကို တိုးတက်စေမည်ဖြစ်ကာ ကျန်းမာရေးဌာနများ ၏ အရည်အသွေးကို ကောင်းမွန်စေမည့် အပြည့်အဝအာမခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို ရရှိစေနိုင်မည်ဖြစ်သည်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါသည် ပြည်နယ်အတွင်း လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးခြင်းနှင့် အသုံးချခြင်းတို့အပေါ် ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်စေခဲ့သည်။ယခုစီမံကိန်းသည် ကူးစက်ရောဂါကာကွယ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နောင်တွင် ကြုံတွေ့ရနိုင်သည့် ရောဂါဘေး၊ ကပ်ရောဂါနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွင် ပိုမိုသင့်တော်ကိုက်ညီမည့် တုံ့ပြန်မှုကို ထိန်းချုပ်နိုင်မည်” ဟု လည်း ပါရှိသည်။

ယခုစီမံကိန်းတွင် ဇီဝဆေးဝါး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး (အစိုင်အခဲနှင့် အရည်များပါဝင်) အတွက် ဂေဟစနစ်အလုံးစုံ တိုးတက်ကောင်းမွန်ရေးတွင်လည်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

ပြည်သူများကို အုပ်စုအလိုက် စောင့်ရှောက်ကူညီခြင်း၊ ပိုးမွှားသန့်စင်ခြင်းနှင့် စုဆောင်းများပါဝင်မည်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေး၊ လူနာဘေးကင်းလုံခြုံရေးတို့ကိုလည်း တိုးတက်စေမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly