အာဏာသိမ်း စစ်တပ်နဲ့ PDF တို့ တိုက်ပွဲအတွင်း မုံရွာ ဗကသ ရဲဘော် ၃ ဦး ကျဆုံးခဲ့

အာဏာသိမ်း စစ်တပ်နဲ့ PDF တို့ တိုက်ပွဲအတွင်း မုံရွာ ဗကသ ရဲဘော် ၃ ဦး ကျဆုံးခဲ့
ဓာတ်ပုံ- ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင် ကျောင်းသားသမဂ္ဂ) စာမျက်နှာ

ဇူလိုင် ၂၉

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ဇူလိုင်လ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မုံရွာခရိုင် ဗကသ ရဲဘော်သုံးဦး ကျဆုံးခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင် ကျောင်းသားသမဂ္ဂ) က ဒီနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) က ရဲဘော်နိုင်ရဲခန့် ( မုံရွာတက္ကသိုလ်)၊ ရဲဘော် ကောင်းဆက်ဟိဏ်းနဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ ( မုံရွာခရိုင်) ရဲဘော် သော်ဆွေ တို့ဖြစ်တယ်လို့ မုံရွာခရိုင်ကျောင်းသားသမဂ္ဂက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“ရဲဘော်တို့ဟာ သူရဲကောင်းတွေဖြစ်တယ်။ ဖက်ဆစ်စစ်တပ်ကို နောက်ဆုံးအချိန်ထိ ကုတ်ခြစ်ဆွဲ ဖြဲခဲ့ကြသူတွေဖြစ်တယ် ။ အလံမလှဲစတမ်း တိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တယ်။ ရဲဘော်တို့ တာဝန်ကြေခဲ့ပါပြီ။ ငြိမ်းအေးစွာ အနားယူကြပါတော့” လို့ မုံရွာခရိုင်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အာဏာသိမ်း စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရတဲ့ ကျောင်းသား၊ ပြည်သူတွေအားလုံးကို ဂုဏ်ပြုဦးညွှတ်ကြောင်းလည်း ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်) ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required