နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၈ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၂၈ ရက်၊ မန္တလေးမြို့ အောင်မြေသာစံ ကျောင်းသူကျောင်းသားများ၏ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း(Photo - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·       စစ်ကောင်စီက ရန်ကုန်သုသာန်များတွင် တစ်ရက်ကို ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ် နိုင်မည့်  မီးဖို ၁၀ လုံးကို တပြိုင်တည်း တည်ဆောက်နေကြောင်း ဇူလိုင် ၂၇ ရက်နေ့ က စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံသတင်းများတွင် ကြေညာခဲ့သည်။

·       ရန်ကုန်တိုင်း သုဝဏ္ဏ စုပေါင်းပျဉ်းမမြိုင်လမ်းတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ကျောင်းသား သမဂ္ဂများနှင့် မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ရန်ကုန်မြို့က အောက်ဆီဂျင်ဖြန့်ဖြူးနေသည့် စက်ရုံတချို့တွင် အောက်ဆီဂျင်မပေးဘူးဆိုသည့်  စာကပ် ထားသည့်အတွက်  အောက်ဆီဂျင် လာရောက်ထုတ်ယူသူများ အိုးထမ်းပြီးပြန်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူများဆီမှ သိရသည်။

·       အကြမ်းဖက် စစ်တပ်အား ချေမှုန်းရေး တာမွေ လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် မြေနီကုန်းမဟာမြိုင် ဂုံးကျော်တံတားပေါ်တွင် "ဖက်ဆစ်စစ်တပ် ငါတို့မျိုးဆက်မှာလုံးဝ အဆုံးသတ်ရ မယ်ဟေ့" စာတမ်းအား ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

·       ဗဟိုဘဏ်ရှေ့ ပလက်ဖောင်းတွင် အကြမ်းဖက်စစ်ကောင်စီ ရဲတစ်ဦး အသက်ရှုကြပ်လဲကျခဲ့ကြောင်း သိရသည်။

·       ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်) ၂၄ ရပ် ကွက်မှ ရာအိမ်မှူး ဦးစောဦး ဆိုသူအားယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ရွှေယင်းမာ ၂ လမ်းအနီး၌ အောက်စီဂျင်သွားယူစဥ် အမည်မသိ သေနတ်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့်လာ၍ သေနတ်ဖြင့်ပစ်ခတ်သွားသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ နေ့စဉ်ပြုလုပ်နေကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက်ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ် ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီး ဆရာတော်များက အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ညသပိတ်ပြု လုပ်ခဲ့သည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၈ရက်နေ့က ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       ယမန်နေ့က မဟာမုနိဘုရားကြီး အရှေ့မုခ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသည့် မသူသူဇင်အား အလေးပြုကာ မြတောင်သပိတ်စစ်ကြောင်း ယနေ့ ဆက်လက်ချီတက် ဆန္ဒပြကြသည်။

·       အကြမ်းဖက်သမားများ၏လက်ချက်ကြောင့် ကျဆုံးခဲ့ရသည့် ၂၅ နှစ်အရွယ် မသူသူဇင် အလောင်းကို မိသားစုထံသို့ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ မန္တလေးနန်းတွင်း စစ်ကြောရေးတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

·       မန္တလေးတွင် အကြမ်းဖက် စစ်တပ် သပိတ်စစ်ကြောင်းများကို ရမ်းကား ပစ်ခတ် ဖမ်းဆီးနေသော်လည်း သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ရက်ပေါင်း ၁၇၀ မြောက် ၉၁ လမ်းမပေါ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး        

·       စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင် ရေး အတွက် ချီတက် ဆန္ဒပြကြသည်။

·       ယင်းမာပင်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီနှင့် PDF များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြား သစ်ပင်မှာစိုက်ကျန်နေသည့် RPG ဗုံးသီးကို ချောင်းဆုံရွာသား မောင်မင်းမင်းဦးမှာ နေအိမ်သို့ယူဆောင် လာရာ ပေါက်ကွဲခဲ့ပြီး ရင်ဘတ်ပွင့်ကာ သေဆုံးကြောင်း သိရသည်။

·       စစ်အာဏာရှင်ဖြုတ်ချရေး နေ့စဉ်မပျက်ချီတက်ဆန္ဒပြနေသည့် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ယနေ့နံနက်ဆက်လက်ချီတက်ဆန္ဒပြ ခဲ့ကြသည်။

·       စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ယနေ့ ဇူလိုင်လ(၂၈) ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ဇီးပင်တွင်းရွာ အနောက်ဘက်ရှိ တောတိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူ ၁၁ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မြေမြုပ်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသ၊ ပင်မဆန္ဒပြသပိတ်စစ်ကြောင်း သည် ဇူလိုင်၂၈ရက်၊ ညနေပိုင်းတွင် စစ်အာဏာရှင်ပြုတ်ကျစေရေးအတွက် ချီတက် ဆန္ဒဖော်ထုတ် ခဲ့သည်။

မကွေးတိုင်းဒေသကြီး

·       မြိုင်နယ် တောင်ပိုင်းတွင် ယနေ့ ဇူလိုင်လ ၂ရရက်နေ့ ညပိုင်းက လူငယ်များ ဦးဆောင်ကာ " ကပ်ဆိုးကိုလဲ ဖြတ်ကျော် တပ်ဆိုးကိုလဲ အပျက်ဆော် " အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မကွေးတိုင်း ဂန့်ဂေါ-ထီးလင်းလမ်းပိုင်းတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းအား ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က မိုင်းခွဲတိုက်ခိုက်ခြင်းကြောင်း အကြမ်းဖက် စစ်သား ၂ဝဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF)၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

·       မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထု ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက်တွင် "ကိုဗစ်ကာကွယ်ရင်း အာဏာရှင်တပ်ဆိုးကို အဆုံးထိတော် လှန်ရေး၊ ဘယ်တော့မှသွေးမအေးကြေး" ကြွေးကြော်သံများ ကြွေးကြော်ကာ အရုဏ်ဦး သပိတ်စစ်ကြောင်း ဖြင့် ချီတက်ဆန္ဒပြကြသည်။

·       မကွေးတိုင်းဒေသကြီး၊နတ်မောက် မြို့နယ်တွင် ဇူလိုင် ၂၈ရက်၊မွန်းလွဲပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

·       လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး မီးတုတ်ရှို့ကာ ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ၂၈ ရက်နေ့ ညနေပိုင်းက "ထောင်နံရံကိုချိုးဖျက် ငါတို့အတူတူချီတက်" အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်ဖမ်းဆီး ရှာဖွေမှုများ ပြုလုပ်နေသော်လည်း အခြေခံပညာကျောင်းသား/သူများ ဦးဆောင်ကာ ဇူလိုင်လ၂၈ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်

·       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာတွင် ဇူလိုင်လ ၂၈ ရက် နံနက် ၈ နာရီခွဲဝန်းကျင်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေနေပြီး ၃ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

·       ထားဝယ်မြို့ပေါ်တွင် နွေဦးတော်လှန်ရေး၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပစ်သတ်ခဲ့သည့် ကျဆုံးသွားသော သူရဲကောင်း ၄ဦး၏ ၅လပြည့်အဖြစ် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ပြည်သူများနှင့် ကျောင်းသားများ ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ထားဝယ်မြို့ပေါ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required