အမေရိကန်နှင့် တရုတ်တို့၏ အဆင့်မြင့်ဆွေးနွေးပွဲတွင် သဘောထားကွဲလွဲမှုများကို အဓိက ဆွေးနွေး

အမေရိကန်နှင့် တရုတ်တို့၏ အဆင့်မြင့်ဆွေးနွေးပွဲတွင် သဘောထားကွဲလွဲမှုများကို အဓိက ဆွေးနွေး

အမေရိကန်နှင့် တရုတ် သံတမန်များအကြား ဇူလိုင်လ ၂၆ရက်က ပြုလုပ်ခဲ့သည့် အဆင့်မြင့်မျက်နှာချင်းဆိုင် ဆွေးနွေးမှုများအတွင်း နှစ်ဖက်စလုံးမှ သဘောထားကွဲလွဲသည့်အချက်များကို အလေးထားဆွေးနွေးခဲ့ကြပြီး နောက်ဆုံးအကြိမ်အစည်းအဝေးထက် အငြင်းပွားမှုလျော့နည်းပုံပေါ်ခဲ့သည်။

အမေရိကန်က လူ့အခွင့်အရေးနှင့် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှု၊ အီရန်နှင့် မြောက်ကိုရီးယားအပါအဝင်ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းခဲ့သလို တရုတ်က ယင်း၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းချုပ်ဖိနှိပ်ရန် အမေရိကန်က ကြိုးစားနေကြောင်း စွပ်စွဲခဲ့ကာ တောင်းဆိုချက်များနှင့် ကန့်ကွက်မှုအများအပြားကို ထုတ်ပြခဲ့သည်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှဲဖန်က အမေရိကန်၏ အလွန်မှားယွင်းနေသော အတွေး အခေါ်နှင့် အန္တရာယ်ရှိသောမူဝါဒကို ပြောင်းလဲရန် တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် လိပ်ခဲတည်းလည်းအခြေအနေကို ဖန်တီးသည့်အတွက် တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှဲဖန်က အမေရိကန်ကို အပြစ်တင်ခဲ့ရာတွင် အမေရိကန်အချို့က တရုတ်ကို စိတ်ကူးထဲက ရန်သူ အဖြစ်ပုံဖော်နေကြောင်း ပြောဆိုခဲ့သည်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှဲဖန်နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း တို့သည် ပေကျင်းမြို့နှင့် တစ်နာရီခန့်အကွာတွင်ရှိသော ထန်ကျန်းမြို့ရှိ အပန်းဖြေစခန်းဟိုတယ်တစ်ခုတွင် တွေ့ဆုံခဲ့သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း၏ တရုတ်နိုင်ငံသို့ လာရောက်သည့်ခရီးစဉ်သည် လွန်ခဲ့သော ၆ လက သမ္မတဂျိုးဘိုင်ဒင် အာဏာရလာပြီးနောက်ပိုင်း အဆင့်အမြင့်ဆုံးအမေရိကန် အရာရှိတစ်ဦးက ပထမဆုံး လာရောက်ခြင်းဖြစ်သည်။

ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှစ၍ အမေရိကန်နှင့် တရုတ်အကြားဆက်ဆံရေး သိသိ သာသာ ယိုယွင်းလာခဲ့ပြီး နှစ်ဖက်စလုံးက နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနှင့် လူ့အခွင့်အရေး စသည့် ပြဿနာများနှင့် ပတ်သက်၍ ကွဲလွဲမှုများရှိနေဆဲဖြစ်သည်။

တရုတ်က မတူကွဲပြားမှုများကို ခဝါချပြီး ဘုံသဘောတူညီမှုကို ရယူလိုကြောင်း ရှဲက ပြောကြားခဲ့ပြီး ဆက်ဆံရေးနှင့် ပတ်သက်ပြီး အခြေခံချဉ်းကပ်ချက်ကွဲပြားမှုကို အလေးထား ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly