လောက်ကိုင်မှာ ပိုးတွေ့လူနာ ၃၀၀၀ ကျော်အထိ ရှိလာ

ဇူလိုင် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှာ ဇွန်လ ၁၆ ရက်ကနေ  ဇူလိုင် ၂၇ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၀၀ ကျော်အထိ ရှိလာပါတယ်။

လောက်ကိုင်မှာ ၂,၉၀၃ ဦးနဲ့ ချင်းရွှေဟော်မှာ ၁၅၄ ဦး စုစုပေါင်း ၃,၀၅၇ ဦးရှိပြီး သေဆုံးသူကတော့  ရှစ်ဦး ရှိတယ်လို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာ ၃၀၀၀ ကျော်ထဲမှာမှ သက်သာလာသူ ၁,၇၂၁ ဦး ရှိနေကြောင်း စာရင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်က လောက်ကိုင်မြို့တွင်းထဲမှာ လူ ၁,၂၀၀ ဆံ့ Quarantine Centre ကိုလည်း ဆောက်လုပ်ပြီးစီးပြီး လူနာတွေကို လက်ခံထားနေပြီ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly