အိန္ဒိယနှင့် ပါကစ္စတန် အိဒ်နေ့တွင် သကြားလုံးများ အပြန်အလှန်လဲလှယ်

By ANI
26 July 2021
အိန္ဒိယနှင့် ပါကစ္စတန် အိဒ်နေ့တွင် သကြားလုံးများ အပြန်အလှန်လဲလှယ်

အတိတ်က နှစ်နိုင်ငံစလုံးမှ မလုပ်ဆောင်ခဲ့သည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည့် အိဒ်နေ့အထိမ်းအမှတ် လက်ဆောင်ပေးခြင်းကို အိန္ဒိယက လုပ်ဆောင်သည့်အနေဖြင့် ဇူလိုင်လ ၂၁ ရက်တွင် ပါကစ္စတန်သို့ သကြားလုံးများပေးပို့ခဲ့ရာတွင် ပါကစ္စတန်ကလည်း သကြားလုံးများ အိန္ဒိယသို့ အပြန်အလှန်ပေးခဲ့သည်။

ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့မှ ကီလိုမီတာ ၃၀ အကွာရှိ အက်တာရီ-ဝါဂတ်ချ်ပူးတွဲစစ်ဆေးရေးဂိတ်တွင် အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ အရာရှိများနှင့် တပ်ဖွဲ့များသည် ပါကစ္စတန်ရိန်ဂျာတပ်ဖွဲ့များအား သကြားလုံးများ ပေးခဲ့သည်။

ပါကစ္စတန်မှ အပစ်အခတ်ရပ်စဲရေးကို ထပ်ခါတလဲလဲချိုးဖောက်ခဲ့ပြီးနောက် သမ္မတနိုင်ငံတော်နေ့၊ လွတ်လပ်ရေးနေ့၊ အိဒ်နေ့နှင့် ဒေဝါလီနေ့ အထိမ်းအမှတ်နေ့များအတွက် အက်တာရီ-ဝါဂတ်ချ်နယ်စပ်တွင် သကြားလုံးများ လဲလှယ်ခြင်းတွင် အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ လုပ်ဆောင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သည်။

အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့နှင့် ပါကစ္စတန်ရိန်ဂျာတပ်ဖွဲ့များသည် ၃,၃၂၃ ကီလိုမီတာရှည်လျားသော အိန္ဒိယ - ပါကစ္စတန်နယ်စပ်ကို စောင့်ရှောက်နေသည်။ ပန်ဂျပ်သည် အပြည်ပြည်ဆိုင်ရာ နယ်စပ်အဖြစ် ၅၅၃ ကီလိုမီတာ ပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ယင်းနေရာကို နယ်စပ်လုံခြုံရေးတပ်ဖွဲ့ မှ စောင့်ကြပ်လျှက်ရှိသည်။

၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ကြောင့် ကန့်သတ်ချက်များရှိနေသော်လည်း အိဒ်နေ့ကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည်။

ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်အရ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို စစ်တပ်နှစ်တပ်စလုံးက ထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံသည် အစောပိုင်း ၂၀ဝ၃ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ထပ်ခါတလဲလဲ ချိုးဖောက်ခဲ့ကြသည်။

အူရီနှင့် ပူဝါမာတို့တွင် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly