နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင်လ ၂၅ ရက်၊ အောင်မြေသာစံ ကျောင်းသားကျောင်းသူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း (ပေးပို့သူ - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ တက်ကြွလူငယ်များစုပေါင်းပြီး " ပြည်သူကို ပြည်သူက ကာကွယ် စောင့်ရှောက် ခြင်းဖြင့် ကိုဗစ်-၁၉ ကို အနိုင်ယူပါ" ခေါင်းစဉ်ဖြင့် Mask များနှင့် ကိုဗစ်ကာကွယ်ရေး လက်ကမ်းစာရွက်များကို ဇူလိုင်လ ၂၅ ရက်တွင် လိုက်လံ ဝေငှခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

·       ရန်ကုန်မြို့၊ မြို့နယ်တချို့ကရပ်ကွက်များအတွင်း ယမန်နေ့ညက သံပုံးတီးနေချိန် စစ်ကောင်စီအဖွဲ့များ ဝင်ရောက်ပြီး ဆဲဆိုအော်ဟစ် ခြောက်လှန့်ပစ်ခတ်ခြင်းနှင့် အိမ်ထဲထိဝင်ရောက်ဖမ်းဆီးခြင်းများ ရှိခဲ့သည်။

·       ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က ရွှေပြည်သာ ဝန်ထမ်းပေါင်းစုသပိတ် ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ရန်ကုန်မြို့တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က သမိုင်းလမ်းစုံနှင့် မြေနီကုန်း ကားမှတ်တိုင်တွင်များတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး Paper Strike ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်မှာရှိသည့် ရွှေပြည်ညွန့် အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံတစ်ရုံတွင် စက်ရုံးပိတ်သည်ဟု စာချိတ်ဆွဲထားသော်လည်’ ရဲတပ်ဖွဲ့ဝင်များက ရဲကားများဖြင့် အောက်ဆီဂျင်အိုးများ ဝင်ရောက်သယ်ဆောင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် ဇူလိုင်လ ၂၄ရက်နေ့က ညပိုင်းက မန္တလေး သံဃသမဂ္ဂ ဆရာတော်များ နေ့စဉ်ပြုလုပ်နေ ကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·       မန္တလေးမြို့ ပြည်ကြီးတံခွန် ပြည်သူများက ဇူလိုင်လ ၂၄ ရက်ညပိုင်းတွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်ကြီးတံခွန်ညသပိတ် ပြုလုပ်ခဲ့သည်။

·       ကျောက်ပန်းတောင်းမြို့ပေါ်တွင် ဇူလိုင်လ ၂၄ရက်နေ့ညပိုင်း ပြည်သူများ သံပုံးတီးနေစဉ် အကြမ်းဖက် စစ်တပ်က ရပ်ကွက်များအတွင်းရောက်ရှိလာကာ သေနတ် အချက်ရေ ၃ဝကျော်ထပ်မနည်း ပစ်ဖောက်ပြီး ပြည်သူများကို ဆဲဆို ရမ်းကားခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့ပေါ် နေထိုင်သူများ၏ ပြောဆိုချက် အရသိရသည်။

·       မန္တလေးမြို့မှာတော့ ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးမှုတွေ ရှိနေသော်လည်း ဇူလိုင်လ ၂၅ရက်မှာ အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ကို  ချီတက်ဆန္ဒပြခဲ့ကြသည်။

·       မန္တလေးခရိုင်အတွင်းရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇ မြို့နယ်တွင် ဇူလိုင် ၂၅ ရက်ကနေစပြီး နံနက် ၆နာရီကနေ နံနက် ၉နာရီထိ တစ်ကြိမ်နှင့် မွန်းလွဲ ၃နာရီကနေ ညနေ ၆နာရီခွဲအထိတစ်ကြိမ်သာစျေး ဝယ်ထွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်အလိုက် အာဏာသိမ်း စစ်ကောင်စီက အမိန့်ထုတ်ထားသည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ၁၆၇ ရက်မြောက်နေ့အဖြစ် ၈၀ လမ်းမထက်သို့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်း၌ စစ်အာဏာရှင်ဖြုတ်ချရေး အောင်မြေသာစံပညာရေးကျောင်း ပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး "ငါတို့နိုင်မှာ လွတ်မယ့်သူနဲ့ ငါတို့နိုင်မှ ကျွတ်မယ့် သူတွေအတွက် ဘာကြောင့် သွေးအေးနေမှာလဲ" ဟုကြွေးကြော်ကာ လှည့်လည်ဆန္ဒပြကြသည်။

·       မန္တလေးတွင် မြတောင်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အကြမ်းဖက် စစ်တပ်အလံ မီးရှို့ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ၂၅ရက်နေ့တွင် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ကျေးရွာပေါင်းစုံသပိတ်စစ် ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချရေး ယနေ့ ချီတက် သပိတ်မှောက်ကြသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့သပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ် အာဏာရှင်ဖြုတ်ချရေးအတွက် မြို့တွင်းလှည့်လည်ကြွေးကြော် ဆန္ဒပြကြသည်။

·       ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသော ရွှေဘိုမြို့နယ် ပလိုင်း(ပန်းလှိုင်)ကျေးရွာသားခြောက်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့တွင်ဖမ်းဆီးသွားပြီး ကျန်သူများကို ရွာပြန်ရန်နှင့် မပြန်လျှင် သတ်မည်ဟု ခြိမ်းခြောက်သွားသည်။

·       စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဘုတလင်မြို့နယ်တွင် ဇူလိုင်လ ၂၅ရက် ညနေပိုင်းက စစ်အာဏာရှင် ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့သည်။

မကွေးတိုင်းဒေသကြီး

·       ပခုက္ကူတွင် ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က လူငယ်များ ဦးဆောင်ကာ အခြေခံလူတန်းစား ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လိုက်လံဝေငှပြီး ပြည်သူမှ ပြည်သူသို့ ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

·       မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်တွင် အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်၊ စစ်အာဏာရှင်စနစ် အလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ ကျေးရွာများသို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။

·       မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျေးရွာတစ်ရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ညပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုန်းတီး ညသပိတ်ပြုလုပ်ခဲ့ကြသည်။

·       ရေနံချောင်း ပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ဇူလိုင်လ ၂၅ ရက်က ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်မြို့တွင် ယမန်နေ့ညပိုင်းက တပ်ပေါင်းစုစစ်ကြောင်းနှင့်လူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး အိမ်တွင်းညသပိတ် ပြုလုပ်ခဲ့ကြသည်။

·       လောင်းလုံးမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က အခြေခံပညာ ကျောင်းသား/သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ယနေ့ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက လူငယ်များဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       လောင်းလုံးမြို့နယ် အောက်ရေဖြူ ကျေးရွာသပိတ်စစ်ကြောင်းဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၅ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကျောင်းနိမ့်ရွာတွင် ပြည်သူ့စစ်အဖွဲ့ဝင် အမျိုးသားတစ်ဦး အသတ်ခံခဲ့ရကြောင်းသိရသည်။

ကချင်ပြည်နယ်

·       ဖားကန့်မြို့ ၊လုံးခင်းအုပ်စု ဒေသခံပြည်သူများမှ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး

·       ပဲခူးတိုင်းဒေသကြီး ပြည်မြို့အကျဉ်းထောင်တွင်း ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများတွင် COVID-19 ကူးစက်မှုရှိနေကြာင်း စုံစမ်းသိရှိရသည်။

·       ပဲခူးမြို့အကျဉ်းထောင်တွင်းမှ ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမခံရသော အကျဉ်းသားများကို ဒိုက်ဦးထောင် သို့ပို့ဆောင်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly