အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားမည်

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားမည်

နယ်ပယ်အများအပြားတွင် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမင်းသည် ယခုသီတင်းပတ်အကုန်တွင် တရုတ်နိုင်ငံသို့ သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ရှာမင်းသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် အခြား အရာရှိများကို နိုင်ငံအရှေ့မြောက်ပိုင်း တီယန်ကျင်းမြို့တွင် ဇူလိုင် ၂၄ ရက်၌ တွေ့ဆုံသွားမည်ဖြစ်သည်။ သူမ၏ အာရှခရီးစဉ်အတွင်း ဂျပန်၊တောင်ကိုရီးယား၊ မွန်ဂိုလီးယားနှင့် အိုမန်နိုင်ငံများသို့လည်း သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရှာမင်းသည် တရုတ်-အမေရိကန်ဆက်ဆံရေးဆိုင်ရာ ဒုတိယဝန်ကြီး ကျီဖန်းနှင့် တွေ့ဆုံပြီးနောက် ဝန်ကြီးဝမ်ယိနှင့်တွေ့ဆုံမည်ဟု ဖော်ပြထားသည်။

“တရုတ်နိုင်ငံအနေဖြင့် အချုပ်အခြာအာဏာကို စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အကျိုးစီးပွားတို့အပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းလင်းသွားမှာဖြစ်သလို အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့လည်း တောင်းဆိုသွားပါမယ်” ဟု ဝန်ကြီးဌာန၏ လူမှုကွန်ရက်မီဒီယာ WeChat တွင် ဖော်ပြထားသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ရှာမင်းသည် တရုတ်နိုင်ငံသို့ သွားရောက်သည့် အမေရိကန်အစိုးရ၏ အဆင့်မြင့်ဆုံး တာဝန်ရှိသူဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် နိုင်ငံတော် လုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်တို့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်၊ တရုတ်သံတမန်ဟောင်း ယန်ကျိချီတို့နှင့် အလက်စကားပြည်နယ်။ အန်ခါရေ့ချ်မြို့တွင် မတ်လအတွင်းက တွေ့ဆုံခဲ့သည်။

ဘိုင်ဒင်အစိုးရ၏ ရာသီဥတုဆိုင်ရာ သံတမန် ဂျွန်ကယ်ရီသည် သက်ဆိုင်ရာတရုတ်အရာရှိနှင့် တွေ့ဆုံရန် ဧပြီလအတွင်းက ရှန်ဟိုင်းသို့ သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly