တရုတ်နှင့် ပြဿနာ နေ့စဉ် ရင်ဆိုင်နေရကြောင်း ဂျပန်သံအမတ်ပြောကြား

တရုတ်နှင့် ပြဿနာ နေ့စဉ် ရင်ဆိုင်နေရကြောင်း ဂျပန်သံအမတ်ပြောကြား

ဂျပန်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် တရုတ်-ဩစတြေးလျကဲ့သို့ပင် ကောင်းမွန်ခြင်းမရှိကြောင်း ဩစတြေးလျနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဇူလိုင်၂၁ ရက်တွင် ပြောကြားခဲ့သည်။

တူညီခြင်းမရှိသော်လည်း ဩစတြေးလျအနေဖြင့် တရုတ်နှင့် ဆက်ဆံ‌ရေးကောင်းမွန်အောင် မည်သို့လုပ်ဆောင်မည်ကို ဂျပန်နှင့် တရုတ် ဆက်ဆံရေးအား မကြာခဏ နမူနာယူလျက်ရှိသည်။ သို့သော် သံအမတ်ကြီး ရှင်ဂိုယာမာဂမီက ၎င်းအနေဖြင့် ယမန်နှစ် ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်ချိန်မှစ၍ ဂျပန်နှင့် တရုတ်ဆက်ဆံရေးအပေါ် ဩစတြေးလျနှင့် နားလည်မှု လွဲခြင်းအား ပုံမှန်ကြုံတွေ့နေရကြောင်း ပြောကြားသည်။

“အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့အခါတိုင်း ဂျပန်က ဩစတြေးလျနိုင်ငံထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းက အခုလို အမြင်ကွဲလွဲမှု ဖြစ်ရခြင်းအကြောင်းရဲ့ အဓိကအကြောင်းရင်းပါပဲ’ ဟု ဩစတြေးလျနိုင်ငံမှ National Press Club သို့ ပြောကြားခဲ့သည်။

“ကျွန်‌တော့်အဖြေကတော့ ဒီလို အမြင်ကွဲလွဲမှုကို မမှန်ကန်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်အနေနဲ့လည်း နေ့စဉ်နေ့တိုင်း ပြဿနာကို ရုန်းကန်နေရပါတယ်” ဟု ယာမာဂါမီက ပြောသည်။

တရုတ်၏ ပိုမိုဆိုးရွားလာသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ဂျပန်၊ တရုတ်နှင့် အခြားနိုင်ငံများ ပူးပေါင်းရန် လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

“မစိုးရိမ်ပါနဲ့။ ခင်ဗျားတို့ အကောင်းဆုံး လုပ်နေပါတယ်။ ကျွန်တော်တို့ အားလုံး အတူတူပဲမို့လို့ ပူးပေါင်း လုပ်ကိုင်သင့်ပါတယ်” ဟု ယာမာဂါမီက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ မူလဇစ်မြစ်နှင့် ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် ဩစတြေးလျက တောင်းဆိုမှုကြောင့် တရုတ်က ပိုမိုရန်လိုစွာ ဆက်ဆံလာခဲ့သည်။

လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်နှင့် ဩစတြေးလျ ဆက်ဆံရေး ဆိုးရွားလာချိန်တွင် ဩစတြေးလျက အဓိကကျသည့် အခြေခံအဆောက်အဦကဏ္ဍများ၌ တရုတ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို

ခွင့်မပြုတော့သလို တရုတ်ကလည်း ဩစတြေးလျမှ သွင်းကုန်များကို လျှော့ချရန် အကောက်အခွန်နှင့် အခြားနည်းလမ်းများကို အသုံးပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly