မန္တလေးဆေးရုံက ကိုဗစ်လူနာများအတွက် အောက်စီဂျင် ထပ်မံရောက်ရှိ

မန္တလေးဆေးရုံက ကိုဗစ်လူနာများအတွက် အောက်စီဂျင် ထပ်မံရောက်ရှိ

ဇူလိုင် ၂၅

မန္တလေးမြို့ အထွေထွေဆေးရုံကြီးတွင် တက်ရောက်ကုသသည့် Covid-19 လူနာရှင်များအတွက် အောက်ဆီဂျင် ၅ တန် ဇူလိုင် ၂၄ရက်က ထပ်မံရောက်ရှိလာသည်။

မန္တလေး ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေရှာဖွေရေး ကော်မတီ၏ အစီအစဉ်ဖြင့် တတိယအကြိမ်ရောက်လာခြင်းဖြစ်သည်။

ယခု ရောက်ရှိသည့် အောက်ဆီဂျင်အရည် ၅ တန်နှင့်အတူ 40 Liter ၀င်အောက်ဆီဂျင်အိုး ၁၂၀၀ ပါ ရောက်ရှိလာပြီး ဆေးရုံကြီးတွင် တက်ရောက်ကုသနေသူများအတွက် အသုံးပြုမည်ဟု ကော်မတီတာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့တွင်း အောက်ဆီဂျင် ရရှိရန်အတွက် အောက်ဆီဂျင်ရောင်းချ၊ ပေးဝေပေးနေသည့် နေရာများတွင် တန်းစီနေသည့် ပြည်သူများအတွက် အောက်ဆီဂျင်ပေးနိုင်မည့် စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

မန္တလေးဆေးရုံကြီးအတွက် ဇူလိုင် ၁၇ရက်က အောက်ဆီဂျင် ၂၆ တန်နှင့် ဇူလိုင် ၂၁ရက်တွင် တန် ၂၀ ရောက်ရှိထားခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၏ Liquid Oxygen Storage Tank တွင် သိုလှောင်ထားကာ လူနာကုတင်များဆီ တိုက်ရိုက်အောက်ဆီဂျင်ပေးသည့်စနစ်ဖြင့် ပို့လွှတ်ပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly