ပြည်အကျဉ်းထောင်တွင် COVID-19 ကူးစက်နေ

ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အကျဉ်းထောင်တွင်း ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများတွင် COVID-19 ကူးစက်မှုရှိနေကြာင်း ထောင်တွင်းသတင်းရင်းမြစ်တခုကဆိုသည်။

 "အရင်ရက် ထောင်ပိုင်ကြီးအိမ်ဘက်ကနေ အောက်စီဂျင်အိုးတွေ ထောင်ထဲကိုပို့နေတာတွေ့မိတယ်"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှပြောသည်။

 ထောင်တွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၄၀ကျော်ရှိနေပြီး အများစုမှာအနံပျောက်နေသူများဖြစ်ကြောင်းသိရသည်။ 

"ပိုးတွေ့တယ်လို့တော့ကြားတယ်။ ဧည့်တွေ့မရတော့ သူ့အခြေနေသေချာမသိဘူး ထောင်ဝင်စာတော့ပို့လို့ရသေးတယ်။ သူ့အတွက်အရမ်းစိုးရိမ်နေတာ သူကသွေးတိုးရှိတယ်"ဟု နိုင်ငံရေးအမှု့ဖြင့်တရားစွဲခံရသူ၏ဇနီးဖြစ်သူမှပြောသည်။ 

အဆိုပါ ထောင်တွင်း ကူးစက်မြန်ကပ်ရောဂါ COVID-19 ကူးစက်မှုကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ မဇ္ဈိမက စုဆောင်းရရှိထားသောသတင်းများအရ အင်းစိန်ထောင်၊ ပဲခူးထောင်၊ တောင်ငူထောင်၊ အိုးဘိုထောင်နှင့်ပြည်ထောင်တို့မှာ ကိုဗစ်ပိုးကူးစက်မှု့များရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly