ကိုဗစ်လက္ခဏာ ပြင်းထန်လူနာတွေကို လက်ခံ မစစ်ပေးနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်ထုတ်ပြန်

ကိုဗစ်လက္ခဏာ ပြင်းထန်လူနာတွေကို လက်ခံ မစစ်ပေးနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်ထုတ်ပြန်

ဇူလိုင် ၂၄

ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ သံသယလက္ခဏာပြ ပြင်းထန်လူနာတွေကို လောလောဆယ်မှာ လက်ခံစစ်ဆေး မပေးနိုင်သေးဘူးလို့ စစ်ကောင်စီလက်အောက်ခံ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ဒီကနေ့ထုတ်ပြန်ထားပါတယ်။

နေပြည်တော် လယ်ဝေးအားကစားရုံမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်ရောဂါ စစ်ဆေးရေးစင်တာမှာ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ကာ ကိုဗစ်ပိုးကူးစက်ခံထားရတာ ရှိမရှိ စစ်ဆေးပေးနေတာဖြစ်ပြီး သံသယလက္ခဏာ (သာမန်) ရှိသူတွေ လာရောက်စစ်ဆေးနိုင်တယ်လို့ ဆိုထားပါတယ်။

“အလွန်အမင်းမောကြပ်၊ ပြင်းထန်လူနာတွေ လောလောဆယ်လက်ခံစစ်မပေးနိုင်သေးပါ” လို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ်လူနာတွေ ဆေးရုံမသွားဘဲ အိမ်မှာကြိတ်ကုနေရင် ရောဂါအတိမ်အနက်ကို မသိဘဲ အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ဆေးရုံတက်ကြဖို့ မနေ့က ည ၈ နာရီ မြဝတီသတင်းမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ကူးစက်ပျံ့ပွားမှုနှုန်း များပြားနေပြီး စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ်မှု မထိရောက်တာအပါအဝင် အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် နေ့စဉ်လူရာနဲ့ချီ သေဆုံးနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required