ဂျမူးနှင့် ကက်ရှ်မီးယားတွင် အဆင့်မြင့်ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအား ပြန်လည်ဖွင့်လှစ် ခွင့်ပြုမည်

ဂျမူးနှင့် ကက်ရှ်မီးယားတွင် အဆင့်မြင့်ပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအား ပြန်လည်ဖွင့်လှစ် ခွင့်ပြုမည်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသတွင် အဆင့်မြင့်ပညာရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများသည် ကျောင်းသားများနှင့် ဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးပြီးမှု အခြေအနေပေါ်မူတည်ပြီး ဇူလိုင် ၃၁ ရက်မှ စတင်ကာ အဆင့်အလိုက် ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း ဒေသအစိုးရက ဇူလိုင်လ ၁၈ရက်တွင် ထုတ်ပြန်လိုက်သည်။

အစိုးရနှင့် ပုဂ္ဂလိကပညာရေးကျောင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် ကာကွယ် ဆေးထိုး ထားရသော ဝန်ထမ်းများအနေဖြင့် အလုပ်ပြန်တက်နိုင်ပြီဖြစ်ကြောင်း ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက တရားဝင် အသိပေးခဲ့သည်။

“အစိုးရနှင့် ပုဂ္ဂလိကပညာရေးကျောင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် ကာကွယ် ဆေးထိုးပြီးသော ဝန်ထမ်းများအား အလုပ်ပြန်တက်ရန် ခွင့်ပြုထားသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှ စတင်ပြီး အဆင့်မြင့်ပညာရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများသည် ကျောင်းသားများနှင့် ဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးပြီးမှု အခြေအနေပေါ်မူတည်ပြီး အဆင့်အလိုက် ပြန်လည်ဖွင့်လှစ်နိုင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရက ဒုတိယအုပ်ချုပ်ရေးအရာရှိ အားလုံးသည် ၎င်းတို့၏ လက်အောက်ရှိ ဆေးဘက်ဆိုင်ရာ အုပ်ချုပ်မှုဒေသများ၏ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းကို အာရုံစိုက်ရန်အမိန့်ထုတ်ပြန်ခဲ့သည်။

"ကိုဗစ်စီမံခန့်ခွဲမှုနှင့် လှုပ်ရှားမှုများကို ကန့်သတ်ခြင်းနှင့် သက်ဆိုင်သည့် ပိုမိုအားကောင်းသော စီမံချက်များဖြင့် ဒုတိယအုပ်ချုပ်ရေးအရာရှိ များသည် ၎င်းတို့ လက်အောက်ရှိ ဒေသများကို တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဌာနအောက်ရှိ ဒေသများ၏ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းကို မဆိုင်းမတွ ခြေရာခံပြီး ပိတ်ထားသော နေရာများဖြစ်သည့် ပြည်သူပိုင် - ပုဂ္ဂလိကရုံးများ၊ လူထုခန်းမများ၊ ကုန်တိုက်များ၊ ဈေးများစသည်ဖြင့် ယင်းနေရာများတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းသည် ၄ ရာခိုင်နှုန်းထက်ကျော်လွန်ပါက ပိုမိုတင်းကြပ်သောထိန်းချုပ်မှု အစီအမံများကို အကောင်အထည်ဖော်ရန်စဉ်းစားရမည်” ဟု အမိန့်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly