စကစ မန္တလေးတိုင်း စီမံကောင်စီဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်ကူးစက်ခံရ

စကစ မန္တလေးတိုင်း စီမံကောင်စီဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်ကူးစက်ခံရ

ဇူလိုင် ၂၁

စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်ကူးစက်ခံထားရ၍ isolate လုပ်ကာ သီးသန့်ထားရှိကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

လက်ရှိ ဆေးရုံသို့ ပို့ဆောင်ခြင်း မပြုသေးဘဲ သီးသန့်ခန်းတွင် ထားရှိကာ ဆရာဝန်ကြီးများ၏ ညွန်ကြားချက်ကို စောင့်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ယာဉ်မောင်းကတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း သိရပြီး တိုင်းရုံးအဖွဲ့ဝင်အချို့နှင့် ၎င်းပိုင် ကုမ္ပဏီမှ ဝန်ထမ်းအချို့ပါ ကိုဗစ်ကူးစက်ခံထားရကြောင်း သိရသည်။ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် ထာဝရသတ္ထုတူးဖော်ရေးကုမ္ပဏီ၏ ပိုင်ရှင်လည်းဖြစ်ပြီး G Bank ၊ ရွှေဥဩရွှေဆိုင်တို့ကို ပိုင်ဆိုင်သည့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။

၎င်းသည် ဇူလိုင်လ ၁၆ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝင်းအတွင်း မြို့တော်ခန်းမတွင် ပြုလုပ်သော မန္တလေးခရိုင်အတွင်းက လူမှုကူညီရေးအသင်းများနှင့် တွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required