DKBA စစ်ဦးစီးချုပ် ကိုဗစ်ရောဂါနဲ့ကွယ်လွန်ကြောင်း DKBA အတည်ပြု

DKBA စစ်ဦးစီးချုပ် ကိုဗစ်ရောဂါနဲ့ကွယ်လွန်ကြောင်း DKBA အတည်ပြု

ဇူလိုင် ၂၁

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး ကိုဗစ်ရောဂါနဲ့ ရန်ကုန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနီးကပ်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

DKBA မှ ဗိုလ်မှူးကောင်းမြတ်က “ ၄ နာရီ ၄၃ မိနစ်က ဆုံးပါတယ်ခင်ဗျ ” ဟု မဇ္ဈိမကိုအတည်ပြုပြောသည်။ 

စစ်ဦးစီးချုပ်၏ သေဆုံး ခန္ခာကိုယ်ကို မည်သည့်နေရာတွင် သင်္ဂြိုလ်မည်နည်းဆိုတာနဲ့ပက်သက်၍ “ အဲ့တာတော့ကျွန်တော် ပြန်ပြောမယ်ဗျ။ အခုလောလောဆယ် စီစဉ်နေတုန်းဟု ဆိုသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ မင်္ဂလာဒုံစစ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့ခင်း ၁ နာရီကျော်ခန့်က နှလုံးရပ်သွားသေးကြောင်း DKBA မှ တခြားတာဝန်ရှိသူတစ်ဦးကလည်းပြောသည်။

ထို့ကြောင့် စက်တပ်ထားပြီး ICU ထဲမှာ ကုသမှုခံယူနေကြခြင်းဖြစ်ကြောင်းနဲ့ နေ့ခင်းထဲက ကျန်းမာရေးအခြေအနေမှာ ချို့ယွင်းလာနေခဲ့ခြင်းဟုဆိုသည်။ မည်သည့်စက်အမျိုးအစားတပ်ထားခဲ့ရသည်ကိုတော့ မဇ္ဈိမမှအသေးစိတ် မသိပေ။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်ခဲ့ကာ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဟု ခေါ်တွင်သောအဖွဲ့သည် နောက်ပိုင်းတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်အဖြစ် (DKBA) အမည်ပြောင်းလဲခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly