အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နိုင်ဖွယ်ရှိသည့် တရုတ်သူလျှိုစစ်သင်္ဘောကို ဩစတြေးလျ မျက်ခြေမပြတ် လေ့လာနေ

By Just Earth News
19 July 2021
အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နိုင်ဖွယ်ရှိသည့် တရုတ်သူလျှိုစစ်သင်္ဘောကို ဩစတြေးလျ မျက်ခြေမပြတ် လေ့လာနေ

ကွင်းစ်လန်းကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်ပါဝင်သည့် အကြီးစား စစ်ရေးလေ့ကျင့်မှုအား စောင့်ကြည့် နိုင်ဖွယ်ရှိသည့် တရုတ်ထောက်လှမ်းရေး သင်္ဘောကို ဩစတြေးလျတာဝန်ရှိသူများက မျက်ခြေမပြတ် စတင်လေ့လာနေကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။

အမေရိကန်နှင့် ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကာလအတွင်း ဒေသအတွင်းသို့ တရုတ်ထောက်လှမ်းရေး သင်္ဘောဝင်ရောက်လာမည်မှာ သေချာကြောင်း ဩစတြေးလျအစိုးရက ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသင်္ဘောရောက်လာပါက စောင့်ကြည့်ရန်လည်း တာဝန်ရှိသူများက ပြင်ဆင်ထားသည်ဟု Voice of America သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်၏ အထွေထွေထောက်လှမ်း‌ရေး အကူသင်္ဘောသည် ဇူလိုင် ၁၄ ရက်က တရားဝင်စတင်ခဲ့သည့် Talisman Sabre 2021 စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နိုင်ဖွယ်ရှိကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

ဩစတြေးလျနှင့် အမေရိကန်တို့အကြား ယခုပြုလုပ်သည့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် နှစ်နိုငံအကြား အကြီးမားဆုံးဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဗီဒီယိုတွင် ဩစတြေးလျရေတပ်ဗိုလ်မှူးချုပ် စတောက်ဘယ်လင်ဟန်က ကွင်းစလန်းပြည်နယ်တွင် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုများတွင် အခြားနိုင်ငံများလည်း ပါဝင်ကြောင်း VOA သို့ ပြောကြားခဲ့သည်။

“ဒီနှစ် စစ်‌ရေး လေ့ကျင့်မှုမှာ အမေရိကန်အပြင် ကနေဒါ၊ ဂျပန်၊တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ဗြိတိန်တို့လည်း ပါဝင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မနှစ်ကလောက် အခြားနိုင်ငံ‌တွေ မပါဝင်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required