မြန်မာနိုင်ငံမှာ ကိုဗစ်ကို မထိန်းချုပ်နိုင်တဲ့ အဆင့်သို့ ရောက်နေပြီလို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ပြော

မြန်မာနိုင်ငံမှာ ကိုဗစ်ကို မထိန်းချုပ်နိုင်တဲ့ အဆင့်သို့ ရောက်နေပြီလို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ပြော
ဓာတ်ပုံ- ဒေါက်တာသန့်မြင့်ဦး ဖေစ့်ဘွတ်

ဇူလိုင် ၁၈

မြန်မာပြည်သူတွေ ကြုံနေရတဲ့ ကိုဗစ် ၁၉ တတိယလှိုင်း ကူးစက်မှုနှုန်းဟာ အခုအချိန်မှာ မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက သူ့တွယ်တာအကောင့်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ မျိုးရိုးဗီဇကွဲ ကိုဗစ် ၁၉ ရောဂါပိုးဟာ ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရင်ကထက် အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေ တဝက်နီးပါးနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာဖြစ်တဲ့အတွက် နယ်စပ်ကနေ ရောဂါပိုးစိမ့်ဝင်နိုင်ခြေရှိတယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက သတိပေးထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly