ဟစ်ဘူလ်မူဂျာဟီဒင်အဖွဲ့ ခေါင်းဆောင်၏ သားနှစ်ဦးက အကြမ်းဖက်ရန်ပုံငွေများ လက်ခံနေကြောင်း အိန္ဒိယက စုံစမ်းတွေ့ရှိ

By deccanherald.com
17 July 2021
ဟစ်ဘူလ်မူဂျာဟီဒင်အဖွဲ့ ခေါင်းဆောင်၏ သားနှစ်ဦးက အကြမ်းဖက်ရန်ပုံငွေများ လက်ခံနေကြောင်း အိန္ဒိယက စုံစမ်းတွေ့ရှိ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေအစိုးရက မကြာသေးခင်က တာဝန်မှရပ်စဲလိုက်သည့် ပါကစ္စတန်အခြေစိုက် ဟစ်ဘူလ်(Hizbul) မူဂျာဟီဒင် အကြီးအကဲ အက်စ်ယက် ဆာလာဟူဒင်၏ သားနှစ်ဦးသည် နိုင်ငံနယ်မြေအတွင်း အကြမ်းဖက်လှုပ်ရှားမှုများအား ထောက်ပံ့ရန် ဆော်ဒီအာရေဗီးယားနှင့် ဗြိတိန်နိုင်ငံများမှ ရန်ပုံငွေများကို လက်ခံရရှိနေသည်ဟု စုံစမ်းစစ်ဆေးမှုများက ဖော်ပြနေသည်။

ShakeelYousuf Shah သည် သီရိနာဂါရှိ SKIMS ဆေးရုံတွင်ဓာတ်ခွဲခန်းလက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး Sher-i-Kashmir သည် စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ စိုက်ပျိုးရေးအရာရှိဖြစ်ကာ မိုဟာမက် အက်စ်ယက် ဆာလာဟူဒင်၏ သားနှစ်ဦးသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အမျိုးသား စုံစမ်းစစ် ဆေးရေး အေဂျင်စီ (NIA) မှ အကြမ်းဖက်ရန်ပုံငွေကိစ္စဖြင့် ဖမ်းဆီးခဲ့သည်။

သတင်းရင်းမြစ်များအရ NIA သည်အကြမ်းဖက်ရန်ပုံငွေလမ်းကြောင်းများကိုခြေရာခံခဲ့ပြီး ဟစ်ဘူလ် မူဂျာဟီဒင်၏ အကြမ်းဖက်လှုပ်ရှားမှုများအတွက် ဟွန်ဒီငွေလွှဲပြောင်းလုပ်ငန်းမှ တစ်ဆင့် ရန်ပုံငွေများစုဆောင်းခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းတို့တွင် နှစ်ဦးစလုံးပါဝင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

"သူတို့က ဆော်ဒီနဲ့ ဗြိတိန်က ဟွန်ဒီငွေလွှဲပြောင်းလုပ်ငန်းသူတွေနဲ့ အကြမ်းဖက်လှုပ်ရှားမှု ငွေကြေးထောက်ပံ့မှုအတွက် နှစ်ပေါင်းများစွာ အိန္ဒိယမှာ တွေ့ဆုံခဲ့ပါတယ်။ ကက်ရှ်မီးယားမြောက်ပိုင်း ဘာရာမူလာခရိုင်ဇာတိ နာဇိုင် ကွီရန်ရှီနဲ့ သူတို့က တိုက်ရိုက်ချိတ်ဆက်ပြီး အိန္ဒိယမှာ အကြမ်းဖက်

လှုပ်ရှားမှုတွေက ငွေကြေးထောက်ပံ့ပေးဖို့အတွက် ဆော်ဒီနဲ့ လန်ဒန်အတွက် ဟွန်ဒီငွေလွှဲပြောင်း လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်” ဟု NIA စုံစမ်းမှုကို ကိုးကားပြီး သတင်းရင်းမြစ်များက ဆိုသည်။

ဆာလာဟူဒင်သည် ပါကစ္စတန်ကသိမ်းပိုက်ထားသောကက်ရှ်မီးယား (POK) တွင် အခြေစိုက်သည့် စစ်သွေးကြွ လက်နက်ကိုင် ၁၃ ဖွဲ့ကို စုစည်းထားသည့် ယူနိုက်တက်ဂျီဟတ်ကောင်စီ၏ ခေါင်းဆောင်လည်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သူ့ကို အထူးသတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပြီး NIA ၏ အလိုအပ်ဆုံး အကြမ်းဖက်သမားစာရင်းတွင်ပါဝင်သည်။

တရားဝင်သတင်းရင်းမြစ်များက ဂျမူးနှင့် ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေအစိုးရအဆက်ဆက်က နှစ်ပေါင်းများစွာ သက်သေအထောက်အထားများအားလုံးကို ဖုံးကွယ်ထားခြင်းကြောင်း ဆာလာဟူဒင်၏ ၏ သားများအနေဖြင့် ရာဇဝတ်ဘေးကင်းနေခဲ့သည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly