ဖွံ့ဖြိုးရေး ရန်ပုံငွေ ခွဲဝေမှု မမျှတသည့်အပေါ် ပါကစ္စတန်တွင် ဆန္ဒပြ

By Dawn
16 July 2021
ဖွံ့ဖြိုးရေး ရန်ပုံငွေ ခွဲဝေမှု မမျှတသည့်အပေါ် ပါကစ္စတန်တွင် ဆန္ဒပြ

အခြေခံလူတန်းစားဘဝ ဖွံ့ဖြိုးရေး ရန်ပုံငွေခွဲဝေမှု မမျှတခြင်းအပေါ် ပါကစ္စတန် ပြည်သူ့ပါတီမှ အလုပ်သမားများက ဂီလ်ဂစ်၊ ဆကာဒူနှင့် ဂန်ချေးမြို့ကြီးများတွင် ဇူလိုင် ၁၂ ရက်က ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် ကာရာကိုရမ် အဝေးပြေးလမ်းမကြီးအပါအဝင် လမ်းများပေါ်တွင် တာယာဟောင်းများကို မီးရှို့ခြင်း၊အစိုးရနှင့် ဝန်ကြီးချုပ်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ အော်ဟစ်ကာ လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။

အစိုးရဘတ်ဂျက်မှ ရန်ပုံငွေခွဲဝေမှုတွင် ခွဲခြားမှုများ လုပ်ဆောင်သည်မှ လက်ခံနိုင်စရာမရှိကြောင်း အတိုက်အခံခေါင်းဆောင် အမ်ဂျက်ဟူစိန်က ပြောကြားသည်။

ရန်ပုံငွေခွဲဝေရာတွင် အတိုက်အခံပါတီဝင်များကို လစ်လျှူရှုခြင်း ခံခဲ့ရကြောင်းလည်း ၎င်းက ပြောကြားသည်။ အာဏာရ Pakistan Tehreek-i-Insaf အစိုးရအနေဖြင့် ၎င်း၏ မူဝါဒများကို ပြန်လည်မသုံးသပ်ပါက ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ခြိမ်းခြောက်ပြောကြားသည်။

ထို့ပြင် အထိုင်ဆန္ဒပြပွဲများကိုလည်း အခြားအတိုက်အခံ ပါတီများက သက်ဆိုင်ရာ မြို့များရှိ ပါတီဌာနချုပ်များတွင် ပြုလုပ်ခဲ့ကြသည်။

ခွန်ဂျာရက် အမျိုးသားဉယျာဉ်အတွင်း ရွေ့လျားကဖေးဆိုင်များ တရားမဝင်ဖွင့်လှစ်ခြင်း ဆန့်ကျင် ဆန္ဒပြခြင်းအတွက် နယ်မြေအဖွဲ့အစည်းဝင်တို့၏ အိမ်များကို ရဲများကဝင်ရောက်စီးနင်း ဖမ်းဆီးသဖြင့် ဂိုဂျယ်မြို့ မော်ခွန်းအရပ်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required