စစ်အုပ်စုခေါင်းဆောင်မိန့်ခွန်းများ ၁၀၀၀ ကျပ်တန်စာအုပ်အဖြစ်ထုတ်ဝေ

စစ်အုပ်စုခေါင်းဆောင်မိန့်ခွန်းများ ၁၀၀၀ ကျပ်တန်စာအုပ်အဖြစ်ထုတ်ဝေ

ဇူလိုင် ၁၆

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းချိန်မှစတင်ကာ ပြောကြားခဲ့သည့် မိန့်ခွန်းများအား စာအုပ်အဖြစ်ထုတ်ဝေကာ ပြန်ကြားရေးရုံးများ၊ ပြည်သူ့ဆက်ဆံရေးဌာန နှင့် စာအုပ်ဆိုင်အချို့တွင် ဖြန့်ဖြူးထားကြောင်းသိရသည်။ 

ပြည်သူများ ကျန်းမာသန်စွမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့် စီးပွားရေးဆိုင်ရာ ကိစ္စများအား အပါဝင်မိန့်ခွန်း ရှစ်ကြိမ်ပြောကြားမှုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေပြီး တစ်အုပ်လျှင် တစ်ထောင်ကျပ်တန်ဖြင့် ဝယ်ယူနိုင်ကြောင်းစစ်အုပ်စုလက်အောက်ခံ သတင်းစာတွင်ရေးသားထားသည်။ 

“ပြည်သူများ စားသောက်မှုပုံစံကို ကျန်းမာရေးနှင့်အညီပြုပြင်ပြောင်းလဲပေးရန်၊ အဓိကအားဖြင့် ဆီ၊အချိုမှုန့်စားသုံးမှုလျော့ချနိုင်ရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ရန်၊ အရက်၊ ဆေးလိပ်၊ကွမ်းယာစားသုံးမှုများ၊ လျှောချနိုင်ရေးအသိပညာပေးပြီး ကျန်းမာသန်စွမ်းကာ ပြည်သူများ သက်တမ်းစေ့နေနိုင်ရေးစဉ်းစားဆောင်ရွက်သွားမည်” ဆိုသည့် အချက်များထိုစာအုပ်တွင်ပါဝင်ကြောင်းသိရသည်။ 

“ခေတ်အဆက်ဆက်စစ်အုပ်စုခေါင်းဆောင်တွေက သူတို့တပ်အတွင်းထဲမှာ အချင်းချင်းသမိုင်းကို ဆင့်ကဲလိမ်ညာနိုင်ဖို့နဲ့ တပ်ထဲမှာ စည်းရုံးနိုင်ဖို့အတွက်ဖြစ်တယ်၊ စာပေအသိုင်းအဝန်းကလဲဒါမျိုးကို လက်ခံမှာမဟုတ်ဘူး” ဟုမုံရွာသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်နေမျိုးမှ မှတ်ချက်ပြုပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly